realme က 10 Series အသစ်ရဲ့ ပထမဆုံး ဖုန်း ဖြစ်တဲ့ realme 10 ကို နိုဝင်ဘာလ ၉ ရက်နေ့ ကြေညာမယ်လို့ မကြာခင်က အတည်ပြုထားပြီး အခုတော့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ realme 10 Series ဖုန်း အသစ်တွေကို မိတ်ဆက်မယ်လို့ ကြေညာလိုက်ပါတယ်။

Realme 10 series arriving in China on November 17, 5G and Pro+ variants expected

realme က ဒီလ ၁၇ ရက်နေ့ ကြေညာမယ့် စမတ်ဖုန်း နာမည်တွေကို မပြောသေးပေမယ့် realme 10 5G နဲ့ realme 10 Pro+ တို့ ဖြစ်နိုင်ပါတယ်။ အဲဒီဖုန်းတွေကို TENAA မှာ မှတ်ပုံတင်ထားပြီးပြီ ဖြစ်ပါတယ်။

Realme 10 series to debut on November 17: Here are the latest details | Tech Arena24

မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်တွေအရ realme 10 5G မှာ 108MP Dual ကင်မရာ၊ ၆.၇ လက်မ LCD Full HD+ မျက်နှာပြင်နဲ့ 33W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီတွေ ပါလာနိုင်ပါတယ်။

realme 10 Pro+ မှာ 108MP ကင်မရာ တပ်ဆင်ထားနိုင်ပြီး OIS ပါလာနိုင်ပါတယ်။ Chipset နာမည်ကို မသိရသေးပေမယ့် Dimensity 1080 ဖြစ်နိုင်ပါတယ်။ ၆.၇ လက်မ 1080p မျက်နှာပြင် တပ်ဆင်ထားနိုင်ပြီး‌ ထောင့်စွန်းတွေ ကွေးညွှတ်တဲ့ 2.5D အမျိုးအစား ဖြစ်နိုင်ပါတယ်။

realme က တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ realme 10 Series ရဲ့ Teaser တွေကို တရုတ် လူမှုကွန်ရက် ဝီဘိုမှာ မျှဝေလာနိုင်ပါတယ်။ အဲဒီအတွက် realme 10 Series ရဲ့ သတင်းအချက်အလက်တွေကို လာမယ့် ရက်ပိုင်းတွေအတွင်းမှာ ပိုမိုသိလာရမှာပါ။

Ref : gsmarena