Mark Zuckerberg က ဝန်ထမ်း ၁၁,၀၀၀ ကျော်ကို အလုပ်ဖြုတ်မယ်လို့ ကြေညာလိုက်ပြီး အဲဒီ အရေအတွက်ဟာ ဝန်ထမ်း အားလုံးရဲ့ ၁၃ ရာခိုင်နှုန်း ရှိပါတယ်။ Facebook တည်ထောင်သူက အခုလို အလုပ်ထုတ်ရတဲ့အတွက် အလွန် စိတ်မကောင်း ဖြစ်ရတယ်လို့ ပြောပါတယ်။ သူက ရင်းနှီးမြှပ်နှံမှု အမှားတွေ၊ ကြော်ငြာဈေးကွက် အားနည်းမှုနဲ့ ကမ္ဘာ့ စီးပွားရေး ကျဆင်းမှုတွေကြောင့် အခုလို ဝန်ထမ်း အများအပြားကို အလုပ်ထုတ်ရတာလို့ ပြောပါတယ်။

Meta fires 11,000 employees, blames the weak ad market and the economy

Zuckerberg က “ ပြိုင်ဖက်တွေများလာမှုနဲ့ ကြော်ငြာရတာနည်းလာမှုကြောင့် ဝင်ငွေ ကျဆင်းခဲ့ပါတယ်။ Meta ဟာ ငွေအင်အားပိုကောင်းဖို့ လိုအပ်နေပြီး AI Discovery Engine နဲ့ Metaverse အတွက် ရေရှည် စီမံကိန်းလို ဧရိယာတွေကို ပိုမို တိုးတက်အောင် ပြုလုပ်မှာပါ။ “ လို့ ပြောပါတယ်။

Here's what Mark Zuckerberg told employees as he cut 11,000 jobs - Silicon Valley Business Journal

ကုမ္ပဏီဟာ အသုံးစားရိတ်ကို လျှော့ချမှာ ဖြစ်ပြီး မြေယာ သုံးစွဲမှုကိုလည်း နည်းအောင်လုပ်မှာ ဖြစ်တဲ့အတွက် ဝန်ထမ်းတွေဟာ အနာဂတ်မှာ အလုပ်စားပွဲတွေကို မျှဝေသုံးလာရနိုင်ပါတယ်။ အဲဒီလို လျှော့ချမှုတွေဟာ ဝင်ငွေ တိုးတက်စေဖို့ မလုံလောက်တဲ့အတွက် Zuckerberg က ဝန်ထမ်း ၁၃ ရာခိုင်နှုန်းကို အလုပ်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အလုပ်ထုတ်ခံရတဲ့ အမေရိကန်က ဝန်ထမ်းတွေဟာ နစ်နာကြေးရရှိမှာ ဖြစ်ပြီး နောက် ၆ လအတွက် ကျန်းမာရေး အာမခံရမှာပါ။ ဒါ့အပြင် တခြား ကုမ္ပဏီတွေမှာ အလုပ်ရအောင် Meta က ကူညီပေးမှာပါ။ အလားတူ ထောက်ပံ့မှုတွေဟာ အမေရိကန် ပြင်ပမှာလည်း နိုင်ငံအလိုက် ဝန်ထမ်း ဥပဒေတွေအရ ရရှိကြမှာပါ။

Ref : gsmarena