အိုင်ယာလန်ရဲ့ ဒေတာ ကာကွယ်ရေး ကော်မရှင် (DPC) က Meta ရဲ့ အိုင်ယာလန် ဌာနကို ယူရို ၂၆၅ သန်း ဒဏ်ရိုက်မယ်လို့ ကြေညာလိုက်ပါတယ်။ ၂၀၁၈ ကနေ ၂၀၁၉ ခုနှစ်အတွင်း Facebook User ပေါင်း ၅၃၃ သန်းရဲ့ ဖုန်းနံပါတ်၊ တည်နေရာနဲ့ မွေးနေ့ စတဲ့ ဒေတာတွေ ၂၀၂၁ ခုနှစ်က ပေါက်ကြားခဲ့တဲ့အတွက် အခုလို ဒဏ်ငွေရိုက်တာ ဖြစ်ပါတယ်။
Facebook User တွေရဲ့ ဒေတာတွေ ပေါက်ကြားပြီး အင်တာနက်မှာ ပျံ့နှံ့သွားတယ်လို့ မီဒီယာတွေက သတင်းရေးသားကြပြီးနောက် DPC က အဲဒီ ကိစ္စကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၄ ရက်နေ့မှာ စတင် စုံစမ်းခဲ့တာ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂရဲ့ စားသုံးသူ ဒေတာ ကာကွယ်ရေး ဥပဒေတွေကို Meta က မလိုက်နာခဲ့ဘူးဆိုတာ စုံစမ်းတွေ့ရှိခဲ့ကြပါတယ်။
DPC က Meta ကို ဒဏ်ငွေရိုက်တဲ့ ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ သောကြာနေ့က ပြုလုပ်ခဲ့တာ ဖြစ်ပြီး အခုမှ တရားဝင် ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒဏ်ငွေရိုက်တဲ့အပြင် DPC က စားသုံးသူတွေရဲ့ ဒေတာတွေကို ကာကွယ်ရမယ့် ညွှန်ကြားချက်တွေကို ထုတ်ပြန်လိုက်ပါတယ်။
Meta ဟာ ဥရောပ သမဂ္ဂထဲက ဒေတာ ကာကွယ်ရေး အာဏာပိုင်တွေနဲ့ ပူးပေါင်း အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။ Meta (Facebook) ဟာ စားသုံးသူတွေရဲ့ ဒေတာတွေ ပေါက်ကြားမှုကြောင့် တခြား နိုင်ငံတွေမှာလည်း အလားတူ အမှုတွေနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။
Ref : gsmarena