Apple ဟာ လာမယ့် ၂၀၂၃ ခုနှစ်အစောပိုင်းမှာ M2 Pro နဲ့ M2 Max Chipset တွေကို အသုံးပြုထားတဲ့ MacBook Pro 14-inch နဲ့ MacBook Pro 16-inch အသစ်တွေကို မိတ်ဆက်သွားတော့မှာပဲဖြစ်ပါတယ်။ အဆိုပါ MacBook Pro အသစ်တွေဟာ Design ပိုင်းမှာတော့ ကြီးမားတဲ့ပြောင်းလဲမှုတွေရှိမှာမဟုတ်ပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာတော့ လက်ရှိ M1 Pro နဲ့ M1 Max Chip တွေထက် သိသိသာသာပိုမိုမြန်ဆန်လာဖွယ်ရှိနေပါတယ်။

Apple ကနေ ရိုးရိုး M2 Chip ကို MacBook Air အသစ်၊ MacBook Pro 13-inch တွေနဲ့အတူ မိတ်ဆက်ထားပြီးတော့ စွမ်းဆောင်ရည်ပိုင်းမှာတော့ M1 Chip နဲ့ယှဥ်ရင် အနည်းငယ်ပိုမိုမြန်ဆန်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် M2 Pro နဲ့ M2 Max Chip တွေလည်း စွမ်းဆောင်ရည်ပိုင်းမှာ ဘယ်လောက်ထိ တိုးတက်လာမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းပါတယ်။

အခုလည်း M2 Max Chip ကို အသုံးပြုထားတဲ့ MacBook Pro 14-inch လို့ ယူဆရတဲ့ Device ရဲ့ Benchmark တွေက Geekbench Website မှာ ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ Benchmark တွေထဲမှာ ထူးခြားချက်တစ်ခုကတော့ RAM အနေနဲ့ 96GB အထိ အသုံးပြုထားတာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Apple ဟာ MacBook Pro တွေကို အမြင့်ဆုံး 64GB RAM အထိပဲ ထောက်ပံ့ပေးထားပြီးတော့ လာမယ့်နှစ်မှာတော့ 96GB RAM အထိ တိုးမြှင့်ဝယ်ယူနိုင်မယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် M2 Max Chip ရဲ့ Benchmark တွေအနေနဲ့လည်း Single-Core အနေနဲ့ 1800 Points ကျော်ရရှိထားပြီး Multi-Core ပိုင်းမှာ 13000 Points ကျော်ရရှိထားတာကြောင့် လက်ရှိ Laptop တွေမှာရရှိနိုင်တဲ့ အကောင်းဆုံး Intel , AMD Processor တွေနဲ့ ယှဥ်ပြိုင်နိုင်တဲ့အဆင့်ရှိမှာဖြစ်ပါတယ်။

Ref – GSM Arena