Samsung Galaxy S23 Series ကို ကြေညာဖို့ နီးလာပြီ ဖြစ်ပြီး သတင်းအချက်အလက်တွေ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Samsung သတင်းတွေနဲ့ ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ် ၁ ခုကနေ အဲဒီ စမတ်ဖုန်းတွေရဲ့ သတင်းအချက်အလက်တချို့ ပေါက်ကြားလာပါတယ်။
Ice Universe က Samsung Galaxy S23 Series မှာ 8K@30fps Video ရိုက်ကူးနိုင်မယ်လို့ တွစ်တာမှာ ပို့စ်တင်ထားပါတယ်။ 4320p@30fps Video တွေ ရိုက်ကူးနိုင်တဲ့ တခြား စမတ်ဖုန်းများစွာကို တွေ့မြင်ခဲ့ကြရပြီးပြီ ဖြစ်ပေမယ့် Samsung အတွက် ဒါဟာ ပထမဆုံး ဖြစ်လာမှာပါ။ 8K Video တွေဟာ နေရာများစွာ ယူတဲ့အတွက် Samsung က Galaxy S23 Series မှာ Storage များများ ထည့်သွင်းပေးထားမယ်လို့ ထင်ရပါတယ်။ တကယ်တော့ 30 နဲ့ 24fps အကြားက ကွာခြားမှုဟာ သိပ်မပြောပလောက်ပါဘူး။
Samsung ဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ပထမအပတ်ထဲမှာ Galaxy S23 Series Unpacked Event ကို ကျင်းပဖို့ စီစဉ်နေပါတယ်။ ဒီသတင်းဟာ ကိုရီးယားကနေ ပြီးခဲ့တဲ့ လက ထွက်ပေါ်လာတာ ဖြစ်ပြီး Unpacked Event အကြောင်းသိတဲ့ Samsung ရဲ့ အရာရှိ ၁ ယောက်က အတည်ပြုလိုက်တာလို့ သိရပါတယ်။
ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက် လူတွေ တက်ရောက်တဲ့ Samsung ရဲ့ ပထမဆုံး Unpacked Event ဖြစ်ပြီး ဆန်ဖရန်စစ္စကိုမှာ ကျင်းပမှာ ဖြစ်ပါတယ်။
Galaxy S23 Series မှာ Samsung ရဲ့ Exynos Chipset အစား Snapdragon 8 Gen 2 Chipset ပါလာမယ်လို့ သတင်းထွက်နေပါတယ်။
Ref : gsmarena