Apple ဟာ လာမယ့် ၂၀၂၃ ခုနှစ်မှာ iPhone 15 Series ဖုန်းတွေအတွက် ပြောင်းလဲမှုအနည်းငယ်ကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါကတော့ ပုံမှန် iPhone 15 ၊ iPhone 15 Plus နဲ့ iPhone 15 Pro ဖုန်းတွေအပြင် iPhone 15 Ultra ဆိုပြီး နာမည်အသစ်နဲ့ မိတ်ဆက်သွားဖို့ စီစဥ်ထားတာဖြစ်ပါတယ်။

အစောပိုင်းထွက်ရှိထားတဲ့သတင်းတွေအရ iPhone 15 Ultra ဟာ လက်ရှိ iPhone 14 Pro Max ကို အစားထိုးဝင်ရောက်လာမှာဖြစ်ပြီး iPhone 15 Series မှာ Pro Max Version ထွက်ရှိမှာမဟုတ်တော့ဘူးလို့ သိရပါတယ်။ ဒီလိုမျိုး နာမည်ပြောင်းလဲလိုက်သလို Design ပိုင်းမှာလည်း ပြောင်းလဲထားပြီး Titanium ကိုယ်ထည်ကို အသုံးပြုလာမှာဖြစ်ပါတယ်။

အခုလည်း iPhone 15 Ultra ဖုန်းဟာ ယခင် iPhone 14 Pro Max ထက်တောင် စျေးနှုန်းပိုင်းမှာ ပိုမိုများပြားလာမယ်လို့ သိရပါတယ်။ Leakster တစ်ဦးဖြစ်တဲ့ LeaksApplePro ရဲ့ ဖော်ပြချက်အရတော့ iPhone 15 Ultra ဖုန်းဟာ စျေးနှုန်းအနေနဲ့ $1,299 နဲ့ ရောင်းချသွားမယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါဟာ iPhone 14 Pro Max ရဲ့ စျေးနှုန်းဖြစ်တဲ့ $1,099 နဲ့ ယှဥ်မယ်ဆိုရင် $200 (မြန်မာငွေ ၆ သိန်းနီးပါး) ပိုမို များပြားလာမှာဖြစ်ပါတယ်။

iPhone 15 Ultra ဟာ အခုလိုမျိုး စျေးနှုန်းမြင့်မားလာတာက ကိုယ်ထည်ကို Titanium အဆင့်မြှင့်တင်ထားတာတင်မဟုတ်ဘဲ တခြားသော ပြောင်းလဲမှုတွေလည်းရှိလာမယ်လို့ သိရပါတယ်။ Storage အနေနဲ့ကလည်း တခြားသော iPhone တွေလိုမျိုး 128GB ကနေ စတင်မှာမဟုတ်ဘဲ 256GB ကနေ စတင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် iPhone 15 Ultra ဟာလည်း ပိုစျေးကြီးလာမယ်ဆိုပေမယ့် iPhone အသုံးပြုသူတွေကြားထဲမှာ ရေပန်းစားတဲ့ဖုန်းတစ်လုံးဖြစ်လာဖွယ်ရှိနေပါတယ်။

Ref – Gizmo China