Honor က 80 GT ကို ကြေညာလိုက်ပြီ ဖြစ်ပြီး Honor 80 Pro နဲ့ Honor 80 အကြားက ဖုန်း ဖြစ်ပါတယ်။ Snapdragon 8+ Gen 1 SoC ပါတဲ့အတွက် 80 Pro နဲ့ ပိုနီးစပ်ပါတယ်။
Honor 80 GT မှာ ၆.၆၇ လက်မ OLED 1080x2400p မျက်နှာပြင် တပ်ဆင်ထားပြီး 10-bit Color Depth , 100% DCI-P3 , 1,400 nits Peak Brightness နဲ့ 120Hz Refresh Rate တို့ကို ထောက်ပံ့ပါတယ်။
Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားပြီး 12GB or 16GB RAM နဲ့ 256GB Storage ပါပါတယ်။ အနောက်ဘက် ကင်မရာက စိတ်ဝင်စားစရာ ကောင်းပြီး ပင်မ ကင်မရာ အနေနဲ့ Sony IMX800 54MP 1/1.49” Sensor (f/1.9 Aperture) , 8MP Ultrawide နဲ့ 2MP Macro ကင်မရာတွေ တပ်ဆင်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။
Honor 80 GT မှာ 4,800mAh ဘက်ထရီ ပါလာပြီး Honor ရဲ့ 66W Fast Charging နည်းပညာ ထည့်သွင်းထားပါတယ်။ Android 12 အခြေပြု Magic UI 7.0 မောင်းနှင်ထားပြီး အောက်တိုဘာလမှာ ထွက်ခဲ့တဲ့ Android 13 မပါလာတာက စိတ်မကောင်းစရာပါ။
4,386mm2 Vapor Chamber ကို အပူချိန်လျှော့ချဖို့အတွက် ထည့်သွင်းထားပြီး 1,415 Copper Wires နဲ့ 74mm Graphene Sheet တို့ကိုလည်း တပ်ဆင်ထားပါတယ်။
တရုတ်မှာ ကြေညာလိုက်တာ ဖြစ်ပြီး 12GB RAM Version ကို ၄၇၅ ဒေါ်လာဝန်းကျင်၊ 16GB RAM Version ကို ၅၂၀ ဒေါ်လာ ဝန်းကျင် သတ်မှတ်ထားပါတယ်။ အနက်၊ အပြာနဲ့ အဖြူရောင် ထုတ်လုပ်ထားပါတယ်။
Ref : gsmarena