Samsung Galaxy S23 Ultra ရဲ့ Specs တွေပေါက်ကြားလာပြီး ISOCELL HP2 Sensor တပ်ဆင်ထားမှာပါ။ S22 Ultra ရဲ့ တူညီတဲ့ Ultrawide, 3x & 10x Telephoto ကင်မရာတွေ ထည့်သွင်းထားမှာ ဖြစ်ပြီး Processing ပိုကောင်းလာမှာပါ။

Samsung Galaxy S23 Ultra specs sheet leaks in full

Galaxy S23 Ultra မှာ Snapdragon 8 Gen 2 မောင်းနှင်ထားမှာ ဖြစ်ပြီး 8/12GB LPDDR5 RAM ပါလာမှာပါ။ မျက်နှာပြင်က ၆.၈ လက်မ 2X Dynamic AMOLED ဖြစ်ပြီး 1440p Resolution ရှိမှာပါ။ ၁ လက်မ ကို Pixel သိပ်သည်းဆက 500 ဖြစ်ပြီး မျက်နှာပြင်ကို Gorilla Glass Victus 2 နဲ့ ကာကွယ်ထားမှာပါ။

Samsung Galaxy S23 Ultra specs sheet leaks in full

Galaxy S23 Ultra မှာ အရင်မျိုးဆက်မှာလို 45W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာမှာ ဖြစ်ပြီး Android 13 အခြေပြု One UI 5.1 မောင်းနှင်ထားမှာပါ။ ဆက်သွယ်မှု အပိုင်းမှာ Bluetooth 5.3, WiFi 6E , NFC နဲ့ UWB ပါလာမှာပါ။

Samsung က Galaxy S23 Ultra ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး Black , Violet, Green နဲ့ Cream အရောင်တွေ ထုတ်လုပ်ထားမှာပါ။ အရင်နှစ်ထုတ် Galaxy S22 Ultra ရဲ့ အခြေခံ ဈေးနှုန်းက ယူရို ၁,၂၅၀ က စပြီး Samsung က ဈေးနှုန်း တိုးမြှင့်ထားမလားဆိုတာ မသိသေးပါဘူး။

Ref : gsmarena