OnePlus က 11R ကို နိုင်ငံတကာအတွက် ကြေညာလိုက်ပြီး တရုတ်မှာ OnePlus Ace 2 အမည်နဲ့ ရောင်းမှာပါ။ OnePlus 11R 5G ဟာ AMOLED မျက်နှာပြင်ကွေး ပါတဲ့ ပထမဆုံး R Series ဖုန်း ဖြစ်ပြီး ၆.၇၄ လက်မ အရွယ်အစား ရှိပါတယ်။ FHD+ Resolution , 120Hz Refresh Rate, 1450 Nits Peak Brightness ထောက်ပံ့ထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။
ကင်မရာ အကြောင်းပြောရရင် အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 50MP Sony IMX890 (OIS) , 8MP Ultrawide Angle နဲ့ 2MP Macro တို့ ဖြစ်ကာ အရှေ့ ကင်မရာက 16MP ဖြစ်ပါတယ်။
OnePlus 11R မှာ Snapdragon 8+ Gen 1 SoC မောင်းနှင်ထားပြီး 16GB LPDDR5 RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်ပါတယ်။ Machine Learning နဲ့ AI ကနေ Memory အသုံးပြုမှုကို နေရာချရာမှာ မြန်ဆန်စေတဲ့ RAM Vita လုပ်ဆောင်ချက် ပါလာပြီး အပူလျှော့ချဖို့အတွက် Eight-channel VC Cooling System ထည့်သွင်းထားပါတယ်။ 100W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး Android 13 အခြေပြု OxygenOS 13 မောင်းနှင်ထားပါတယ်။
OnePlus 11R အတွက် Sonic Black နဲ့ Galactic Silver အရောင်တွေ ထုတ်လုပ်ထားပြီး 8/128GB ကို ၆၉၉ ဒေါ်လာနဲ့ 16/256GB ကို ၇၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၁၆ ရက်နေ့ရောင်းမှာပါ။
Ref : gizmochina