OnePlus 11 စွမ်းရည်မြင့် စမတ်ဖုန်းကို နိုင်ငံတကာမှာ ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး အခုတော့ ကုမ္ပဏီက နောက်မျိုးဆက် ထူးခြားဆန်းသစ်တဲ့ စမတ်ဖုန်းကို ပြသဖို့ ပြင်ဆင်နေပါတယ်။ ကုမ္ပဏီက ဖေဖော်ဝါရီလ ၂၇ ရက်ကနေ မတ်လ ၂ ရက်နေ့အတွင်း ဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress (MWC) နည်းပညာ ပြပွဲမှာ OnePlus 11 Concept ကို ပြသမယ်လို့ ပြောပါတယ်။

OnePlus 11 5G With Snapdragon 8 Gen 2 SoC, 50-Megapixel Triple Cameras Launched in India: Price, Specifications | Technology News

OnePlus ဟာ Concept Device တွေကို အရင်ကလည်း ပြသခဲ့ဖူးပြီး အခု Device ဟာ သုံးကြိမ်မြောက် စီမံကိန်း ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ CES 2020 မှာ ကင်မရာတွေကို ဖွက်ထားလို့ရတဲ့ OnePlus Concept One ကို ချပြခဲ့ပြီး MWC မှာလည်း ပြသဖို့ စီစဉ်ခဲ့ပေမယ့် အဲဒီ နည်းပညာ ပြပွဲကို မကျင်းပခဲ့ပါဘူး။

OnePlus 11 Concept phone launch scheduled for MWC 2023

၂၀၂၁ ခုနှစ်မှာ အနောက်ဘက်ဟာ အညိုကနေ အပြာရောင် ပြောင်းလဲနိုင်တဲ့ OnePlus 8T Concept ကို ပြသခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်းမှာ လက်ဟန်ခြေဟန်ကို အာရုံခံနိုင်တဲ့ mmWave Radar လည်း တပ်ဆင်ထားပါတယ်။

အခု Device အသစ်မှာ ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ စမတ်ဖုန်း နယ်ပယ်မှာ ပထမဆုံးဆိုတဲ့ နည်းပညာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Concept စမတ်ဖုန်း ဆိုတဲ့ အတိုင်းပဲ ခေတ်ရှေ့ပြေး နည်းပညာတွေ ပါလာမှာပါ။ ဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress ကျမှ OnePlus 11 Concept ရဲ့ သတင်းအချက်အလက် အပြည့်အစုံကို သိရမှာ ဖြစ်ပါတယ်။

Ref : gsmarena