Nothing ဟာ လက်ရှိအချိန်မှာ Nothing Phone (1) ဖုန်းကို မိတ်ဆက်ရောင်းချနေပြီဖြစ်ပါတယ်။ အခုလောလောဆယ် ပြုလုပ်နေတဲ့ Mobile World Congress (MWC) Event မှာ Nothing ကနေ လာမယ့် Nothing Phone (2) ဖုန်းမှာ ပါဝင်လာမယ့်အဓိက Feature တစ်ခုအကြောင်းကို ပြောကြားလိုက်ပါတယ်။

ဒါကတော့ Nothing ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Carl Pei ကိုယ်တိုင်က Nothing Phone (2) ဟာ Qualcomm Snapdragon 8 Series Chipset ကို အသုံးပြုလာမယ်ဆိုပြီး အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် Nothing Phone (2) ဟာ Qualcomm Snapdragon 8 Gen 2 သို့မဟုတ် နှစ်ကုန်ပိုင်းမှာ အသစ်မိတ်ဆက်လာနိုင်တဲ့ Snapdragon 8 Gen 2+ Chipset ကို အသုံးပြုလာနိုင်ပါတယ်။ ဒါပေမယ့် Nothing Phone (2) ဟာ ၂၀၂၃ ခုနှစ် တတိယ ၃ လပါတ်ဖြစ်တဲ့ ဇူလိုင်လနဲ့ စက်တင်ဘာလအတွင်းမှာ မိတ်ဆက်ဖို့ စီစဥ်ထားတာကြောင့် Snapdragon 8 Gen 2 Chipset ကိုပဲ အသုံးပြုဖို့ ရာခိုင်နှုန်းများနေပါတယ်။

Nothing Phone (2) ဟာ Nothing ကုမ္ပဏီရဲ့ ပထမဆုံးသော Flagship ဖုန်းဖြစ်လာမှာဖြစ်ပြီး Snapdragon 8 Gen 2 Chipset အပြင် 12GB RAM ၊ 256GB Storage ၊ 120Hz OLED Display ၊ 5000mAh Battery တွေပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Nothing Phone (1) ရဲ့ ထူးခြားချက်ဖြစ်တဲ့ Glyph LED တွေကိုလည်း အဆင့်မြှင့်တင်ထားမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena