Huawei ကနေ ယခုနှစ်အတွက် Flagship Series ဖုန်းတွေဖြစ်တဲ့ Huawei P60 Series ဖုန်းတွေကိုမိတ်ဆက်မယ့်အချိန်ကို တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ Huawei P60 Series တွေတင်မဟုတ်ဘဲ Foldable ဖုန်းအသစ်ဖြစ်လာမယ့် Huawei Mate X3 ဖုန်းကိုပါ တခါတည်းအတူ မိတ်ဆက်သွားမှာပဲဖြစ်ပါတယ်။

Huawei ရဲ့ Weibo စာမျက်နှာကနေ ကြေညာချက်အရ P60 Series နဲ့ Mate X3 ဖုန်းတွေကို လာမယ့် မတ်လ ၂၃ ရက်နေ့မှာ တရုတ်နိုင်ငံအတွင်းမှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ Global စျေးကွက်အတွက် မိတ်ဆက်မယ့် သတင်းကို ဖော်ပြခဲ့ခြင်းမရှိတာကြောင့် လောလောဆယ်မှာ တရုတ်နိုင်ငံတွင်းမှာပဲ ရောင်းချသွားဖို့ စီစဥ်ထားတယ်လို့ ယူဆရပါတယ်။

Teaser ဓါတ်ပုံအရ Huawei ဟာ အသေးစိတ်ဖော်ပြထားခြင်းမရှိသလို ဖုန်းရဲ့ ဓါတ်ပုံတွေကိုလည်း ဖော်ပြခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် အစောပိုင်းထွက်ပေါ်ထားတဲ့သတင်းတွေအရ Huawei P60 Series ဖုန်းတွေဟာ Camera ပိုင်းကို အဆင့်မြှင့်တင်ထားမှာဖြစ်ပြီး Variable Aperture Feature အပြင် XMAGE 2.0 Camera System ကိုလည်း ထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။

Camera Specification အနေနဲ့ Huawei P60 Pro ဖုန်းမှာ 50MP Sony IMX888 Main Camera ၊ 50MP Sony IMX858 Ultrawide Sensor အပြင် 3.5x Optical Zoon ပါဝင်တဲ့ 64MP OmniVision OV64B Telephoto Sensor ပါဝင်မှာဖြစ်ပါတယ်။ Huawei P60 အနေနဲ့ 52MP Sony IMX789 Main Camera အပြင် 50MP Sony IMX858 Ultrawide Sensor ၊ 16MP Sony IMX351 Telephoto Sensor တွေကို အသုံးပြုထားမယ်လို့ သိရပါတယ်။ Huawei P60 Series ဖုန်းအားလုံးဟာ Qualcomm Snapdragon 8 Series Chipset ကို အသုံးပြုလာမှာဖြစ်ပေမဲ့  Snapdragon 8 Gen 2 Chipset ရဲ့ LTE-only variant လို့ပဲ ယူဆရပါတယ်။

Huawei Mate X3 အနေနဲ့ ဒီဇိုင်းပိုင်းမှာ Samsung Galaxy Fold ပုံစံ အတွင်းဘက်ကို ခေါက်ချိုးရတဲ့ ဒီဇိုင်းကိုပြောင်းလဲထားမယ်လို့ သိရပြီး Next-gen Satellite Communication နည်းပညာပါဝင်လာနိုင်ပါတယ်။

Ref – GSM Arena