ထိုင်း အမျိုးသား ၁ ယောက်ဟာ AI Chatbot ဖြစ်တဲ့ ChapGPT က ပေးတဲ့ ဂဏန်းတွေနဲ့ ဒီလ ၁ ရက်နေ့က ဘတ် ၂,၀၀၀ ထီပေါက်သွားပါတယ်။

အဲဒီလူရဲ့ အမည်က Patthawikorn Boonin ဖြစ်ပြီး သူ ထီပေါက်တဲ့ အကြောင်းကို Facebook မှာ မျှဝေထားပါတယ်။ ChatGPT က ထီ ဂဏန်းအတွက် 57,27,29 နဲ့ 99 ကို ထုတ်ပေးလိုက်တာ ဖြစ်ပြီး 99 ထွက်သွားခဲ့တာပါ။

What is ChatGPT: Beginners Guide to Using the AI Chatbot - Metaroids

သူ့ရဲ့ Facebook က ပို့စ်ဟာ ထိုင်း လောင်းကစား အသိုင်းအဝိုင်းမှာ နာမည်ကြီးသွားပြီး Reaction ၂,၇၀၀ ကျော်နဲ့ ကွန်းမန့် ၁,၂၀၀ ကျော်ရခဲ့ပါတယ်။ တချို့က ChatGPT ရဲ့ အစွမ်းကို လေးစားနေကြပြီး တချို့ကတော့ ဒါဟာ တိုက်ဆိုင်မှုလို့ ပြောကြပါတယ်။ တချို့ကတော့ ChatGPT က  ထီ ဂဏန်း ထုတ်ပေးအောင် သူဘယ်လို ခိုင်းသလဲဆိုတာကို သက်သေပြခိုင်းနေကြပါတယ်။

ကျွမ်းကျင်သူတွေက ChatGPT ဟာ ပေါက်မယ့် ဂဏန်းကို ဘယ်လို ထုတ်ပေးနိုင်သလဲဆိုတာ စဉ်းစားလို့ မရကြသေးပါဘူး။ ဒါပေမယ့် ထိုင်းက လောင်းကစား အသိုင်းအဝိုင်းမှာတော့ ChatGPT က ထုတ်ပေးတဲ့ ထီ ဂဏန်းတွေကို စိတ်ဝင်စားနေကြပါတယ်။ ဘာပဲပြောပြော Patthawikorn ရဲ့ အခု ဖြစ်ရပ်ဟာ AI ဟာ လူတွေရဲ့ နေ့စဉ်ဘဝတွေမှာ လွှမ်းမိုးမှု ကြီးမားလာတာကို သက်သေပြနေပါတယ်။

Ref : thethaiger