Lionel Messi ကတော့ သတိကြီးကြီးထားရတော့မှာပါ။ ဘာလို့လဲဆိုတော့ ဘောလုံးကန်တတ်တဲ့ စက်ရုပ် Artemis ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

စက်ရုပ်ဟာ အရပ် ၄ ပေ ၈ လက်မ (၁၄၂ စင်တီမီတာ) ရှိပြီး ၈၅ ပေါင် (၃၉ ကီလိုဂရမ်) အလေးချိန် ရှိပါတယ်။ University of California Los Angeles (UCLA) မှ Mechanical အင်ဂျင်နီယာတွေက တီထွင်ထားတာ ဖြစ်ပြီး တကယ့် လူနီးပါး ဘောလုံး ကစားနိုင်တဲ့ ပထမဆုံး စက်ရုပ်လို့ ပြောနိုင်ပါတယ်။

Humanoid robot developed at UCLA in Los Angeles, CA

အဆင့်မြင့်နည်းပညာတွေ ထည့်သွင်းထားပြီး Artemis ရဲ့ အရှည်က Advanced Robotic Technology for Enhanced Mobility and Improved Stability ဖြစ်ပါတယ်။ စက်ရုပ်ဟာ ကိုယ်နေဟန်ထားကို ထိန်းညှိနိုင်ပြီး သူ့ကို တွန်းတိုက်တာတွေကို ခံနိုင်ပါတယ်။ ပြေးနိုင်ပြီး ဘောလုံး ကန်နိုင်ပါတယ်။

Humanoid robot developed at UCLA in Los Angeles, CA

ဘောလုံး ကစားနိုင်တဲ့ စက်ရုပ်တွေမှာ ပါတဲ့ နည်းပညာတွေကို မီးသတ်တာနဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးတွေမှာ အသုံးပြုနေတယ်လို့ Artemis ကို တီထွင်တဲ့ UCLA မှ Robotics and Mechanisms Laboratory (RoMeLa) ရဲ့ ဒါရိုက်တာနဲ့ ပါမောက္ခ Dennis Hong က ပြောပါတယ်။ သူက “ ဒီစက်ရုပ်က စက်ရုပ် နည်းပညာကို နောက်တစ်ဆင့်မြှင့်တင်ပေးနိုင်တာကို မြင်ရတာ အလွန် ဝမ်းသာဂုဏ်ယူစရာကောင်းပါတယ်။ ကျွန်တော်တို့ အိပ်မက်တွေ နီးစပ်လာပါပြီ။” လို့ ပြောပါတယ်။

Humanoid robot developed at UCLA in Los Angeles, CA

ဇူလိုင်လ ပြင်သစ်နိုင်ငံ ဘော်ဒိုးမှာ ကျင်းပမယ့် RoboCup မှာ Artemis ရဲ့ ဘောလုံး စွမ်းရည် အပြည့်အဝကို ပြသမှာ ဖြစ်ပါတယ်။

Ref : reuters