စျေးကွက်ရှေ့ဆောင်နည်းပညာအမှတ်တံဆိပ်တစ်ခုဖြစ်သည့် vivo သည် ၎င်း ၏ အထင်ကရဖြစ်သည့် V Series မှ နောက်ဆုံးပေါ် V27 5G ကိုတရားဝင် စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ အထူးကောင်းမွန်သည့်ကင်မရာပိုင်းဆိုင်ရာဖန်တီးမှုနှင့် ခေတ်မီလှပသည့် ဒီဇိုင်းဖန်တီးမှုတို့ကိုပေါင်းစပ်ထားသည့် V series ၏နောက်ထပ် အထင်ကရစမတ်ဖုန်းအသစ်ကို မြန်မာနိုင်ငံတွင် စတင်ဝယ်ယူနိုင်ပြီဖြစ်ပါသည်။

vivo V27 5G ၏ ဖန်တီးထားမှုအပိုင်းတွင် 120 Hz 3D Curved Screen ဖြင့်ထုတ်လုပ်ထားပြီး vivo သမိုင်းတစ်လျှောက် အပါးလွှာဆုံးနှင့် 3D curved screen လည်းဖြစ်ပါသည်။ လှပကျော့ရှင်းသည့်အသွင်နှင့် ထပ်တိုးဖန်တီးထားသည့် Aura Light Portrait System, Real – Time Extreme Nigh Vision နှင့် Super Night Mode တိုကို V27 5G တွင်မြင်တွေ့နိုင်မည်ဖြစ်ပါသည်။

vivo Myanmar ၏ CEO ဖြစ်သည့် Mr. Nelson Ni မှ ” ကျွန်တော်တို့ရဲ့ vivo စမတ်ဖုန်းကိုအသုံးပြုသူတွေကြားမှာတော့ V series ကကောင်းမွန်တဲ့ကင်မရာစွမ်းဆောင်မှုတွေ၊စိတ်ကျေနပ်လောက်စေတဲ့ဒီဇိုင်းတွေနဲ့လုပ်ဆောင်မှုကောင်းတဲ့ အချက်တွေကြောင့် သတင်းကောင်းပျံ့နှံ့ထားပြီးသားလည်းဖြစ်ပါတယ်။ Benfen ဆိုတဲ့ ကုမ္ပဏီနဲ့ အဓိကသစ္စာကတိအတိုင်း အကောင်းဆုံးဆိုတဲ့နည်းပညာဖန်တီးမှုတွေနဲ့ လေ့လာမှုတွေကိုအစဉ်တစိုက်ပြုလုပ်ရင်း မှန်ကန်ပြည့်စုံတဲ့အရာတွေကိုပဲ သယ်ဆောင်လာပေးလေ့ရှိပါတယ်။ ဒါ့အပြင် vivo ဟာဆိုရင် အသုံးပြုသူများရဲ့ တစ်ဦးတစ်ယောက်ချင်းစီ အကြံပေးမှုများကို အလေးထားသောကြောင့် ခေတ်မီစတိုင်လ်ကျလှပပြီး ဆန်းသစ်တီတွင်မှုများစွာ ပါဝင်တဲ့ မိုဘိုင်းသုံးစွဲသည့်အတွေ့အကြုံအား အစဉ်မပြတ် အကောင်ထည်ဖော်လျက် ရှိပါသည်။ V27 5G မှာဆိုရင်လည်း အသုံးပြုသူတွေရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ Mobile Photography နဲ့ အခြားအခြေခံလိုအပ်ချက် တွေအပေါ်ဦးစားပေးဖန်တီးထားပြီး ယုံကြည်မှုအပြည့်နဲ့ နည်းပညာလောကကိုဝင်ရောက်လာနိုင်မယ်လို ယုံကြည်ပါတယ်။” ဟုပြောကြားခဲ့ပါတယ်။

V27 5G သည် ကင်မရာပိုင်းတွင် 50 MP OIS Ultra Sensing နှင့် 50 MP AF Selfie Camera အထိတိုးမြှင့်ထားမှုကြောင့် ပြိုင်ဘက်များအကြားသာလွန်ကောင်းမွန်မှုကိုတွေ့ရမည်ဖြစ်သည်။ ကင်မရာလက္ခဏာများအနက် စမတ်ဖုန်း ကျွမ်းကျင်သူများနှင့် ဓာတ်ပုံပိုင်းဆိုင်ရာနားလည်တက်ကျွမ်းသူတို၏အထူးသဘောတွေ့သည့်အချက်မှာ Aura Light Portrait System ဖြစ်ပြီး အလှပုံများရိုက်ကူးသည့်အခါအလင်းရောင်ကို အကောင်းဆုံးပံ့ပိုးပေးနိုင်ပြီး အလင်းရောင်အားနည်းသည့် ညဘက်ကဲ့သို့အချိန်များ၌ပင် အံ့အားသင့်ဖွယ်ပုံကောင်းများကို ရရှိစေနိုင်မည်ဖြစ်ပါသည်။

ဤအချက်များက ဖုန်းအသုံးပြုသူများအား ၎င်းတို့ ၏ဓာတ်ပုံရိုက်စွမ်းရည်ကို မည်သည့်ပတ်ဝန်းကျင်တွင်မဆို စတူဒီယိုအဆင့်ပုံများအဖြစ်ပိုမိုကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။ ကင်မရာ ၏ အနောက်ဘက်တွင် Aura Light Portrait နှင့် Sony IMX766V sensor တို့ပေါင်းစပ်ဖန်တီးမှုသည် ညဘက်၌ဓာတ်ပုံများရိုက်ကူးသည့်အခါ ကြည်လင်ပြီး သဘာဝကျသည့်ပုံများဖန်တီးနိုင်မည်လည်းဖြစ်သည်။ နောက်ထပ်ထူးခြားတိုးမြှင့်ထားသည့်အချက်မှာ Bokeh Portrait Video feature ဖြစ်ပြီး AI စနစ်ပါဝင်သည့်အတွက် နောက်ခံ background နှင့် အရာဝတ္ထုအပေါ် သီးသန့်ဖြစ်စေပြီး ဇာတ်ကောင်ကိုဗီဒီယိုထဲတွင် movie star တစ်ဦးအသွင်ထင်ရှားပေါ်လွင်နေစေမှာဖြစ်ပါတယ်။

ဒီဇိုင်းပိုင်းအားဖြင့် V27 5G ဖုန်းများတွင် အရည်အသွေးမြင့် 120 Hz 3D Curved Screen ကိုအသုံးပြုသူတိုကျေနပ်လောက်ဖွယ် ကျဉ်းမြောင်းသော အမဲရောင်ဘောင်ဖြင့်ထည့်သွင်းပုံဖော်ဖန်တီးထားပါသည်။ ၎င်းအချက်သည် ဖုန်း ၏သွင်ပြင်ကို မြှင့်တင်ပေးနိုင်ပြီး ခေတ်မီပြီးကျစ်လစ်ရှင်းလင်းစေပါသည်။ Curved screen အဖြစ်ပါဝင်လာမှုကြောင့် vivo သည်စျေးကွက်အတွင်း စံနှုန်းအသစ်တစ်ခုဖြစ်လာမည်ဖြစ်သည်။ vivo V27 5G ကို စျေးကွက်အတွင်း Magic Blue နှင့် Noble Black အရောင်နှစ်မျိုးဖြင့်ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

vivo V27 5G တွင်အဓိကအပိုင်းနှစ်ခုဖြစ်သည့် performance နှင့် function ပိုင်းကိုအထူးအသားပေးထားပြီး ပထမဦးဆုံး MediaTek ၏အဆင့်မြင့် 7200 Dimensity processor နှင့် 4nm advanced mechanism ပါဝင်လာမည်ဖြစ်သည်။ Processor သည် ကောင်းမွန်လှသည့် ပါဝါသုံးစွဲမှုလျှော့ချခြင်းနှင့် လုပ်ဆောင်မှုများပိုမိုကောင်းမွန်လာအောင် ပံ့ပိုးကူညီပေးနိုင်ပါသည်။ လုံလောက်စွာပါဝင်သည့် 4600 mAh ဘက်ထရီကို 66W Flash Charge ကပံ့ပိုးမှုကြောင့် အချိန် 19 မိနစ်အတွင်း အား 50 ရာခိုင်နှုန်းအထိဖုန်းအားထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။

Display ပိုင်းတွင် refresh rate 120 Hz နှင့် တောက်ပရွှန်းလဲ့သည့်အရောင်အသွေးတို့ဖြင့်ဖန်တီးထားပါသည်။ V27 5G သည် smartphone photography ၏စံနှုန်းအသစ်တစ်ခုအပြင် ဒီဇိုင်းပိုင်းတွင်လည်းအားထည့်ဖန်တီးထားသည့်အချက်ကထူးခြားသည့်အချက်လည်းဖြစ်ပါသည်။

Source : vivo