realme Narzo N53 ကို မေလ ၁၈ ရက်နေ့ ကြေညာတော့မှာ ဖြစ်ပြီး အနောက်ဘက်မှာ ကင်မရာ ၂ လုံး တပ်ဆင်ထားမှာပါ။ အခုတော့ realme က အဲဒီဖုန်းမှာ 50MP ပင်မ ကင်မရာ ပါမယ်လို့ အတည်ပြုလိုက်ပါတယ်။ realme က ဒုတိယ ကင်မရာ အကြောင်းကို မပြောသေးပေမယ့် Depth Sensor ဖြစ်နိုင်ပါတယ်။

Realme Narzo N53's primary camera confirmed

realme က Narzo N53 ရဲ့ Specs Sheet ကို မပြောသေးပေမယ့် အဓိက Specs ၊ ဒီဇိုင်းနဲ့ အရောင်တွေကို ပြောပြထားပါတယ်။ Narzo N53 မှာ အနည်းဆုံး ၂ ရောင် ပါလာမှာ ဖြစ်ပြီး realme က “California Sunshine Design” လို့ ခေါ်တဲ့ ရွှေရောင် မော်ဒယ် ထုတ်လုပ်ထားမှာပါ။

Realme Narzo N53's primary camera confirmed

Narzo N53 ရဲ့ အထူက ၇.၄၉ မီလီမီတာဖြစ်ပြီး 33W Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားမှာပါ။ အရှေ့ဘက်မျက်နှာပြင်မှာ Notch တပ်ဆင်ထားပြီး မျက်နှာပြင် အရွယ်အစားနဲ့ Resolution ကို မသိရသေးပါဘူး။

6GB RAM နဲ့ 128GB Storage ထည့်သွင်းထားမှာ ဖြစ်ပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ မြှုပ်နှံထားမှာ ဖြစ်ပါတယ်။ မိတ်ဆက်ပွဲနီးလာတာနဲ့အမျှ realme က Narzo N53 ရဲ့ သတင်းအချက်အလက်တွေကို ပိုမိုမျှဝေလာနိုင်ပါတယ်။

Ref : gsmarena