Samsung ဟာ ယခုနှစ်အတွက် Foldable ဖုန်းအသစ်တွေဖြစ်တဲ့ Galaxy Z Fold5 နဲ့ Galaxy Z Flip5 ဖုန်းတွေကို လာမယ့် ဇူလိုင်လကုန်ပိုင်းမှာ မိတ်ဆက်ဖို့စီစဥ်နေပြီဖြစ်ပါတယ်။ အဲ့ဒီထဲမှာ Galaxy Z Flip5 ဖုန်းဟာ အပြင်ဘက် Display ကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားမယ်လို့ သိရပြီး အခုနောက်ဆုံးထွက်ရှိလာတဲ့သတင်းအရ Software ပိုင်းပါ ပိုကောင်းလာတော့မှာပါ။
ဘာကြောင့်လဲဆိုရင် Samsung Galaxy Z Flip5 ဖုန်းအတွက် DeX Support ရရှိလာမယ်လို့ သတင်းတွေထွက်ပေါ်လာတာကြောင့်ဖြစ်ပါတယ်။ Samsung DeX Feature ဟာ Galaxy ဖုန်းတွေနဲ့ Tablet တွေကို Android OS ပုံစံကနေ Desktop PC ပုံစံ ပြောင်းလဲအသုံးပြုနိုင်တဲ့ Feature တစ်ခုဖြစ်ပြီး Multitasking ပြုလုပ်ချင်တဲ့သူတွေအတွက် အသုံးဝင်တဲ့ Feature တစ်ခုဖြစ်ပါတယ်။
အခုလို Samsung Galaxy Z Flip5 ဖုန်းမှာ DeX Support ရရှိလာမယ်ဆိုရင် DeX အသုံးပြုနိုင်တဲ့ အသေးငယ်ဆုံး Device ဖြစ်လာမှာပါ။ DeX Feature ဟာ Tablet တွေမှာ Device ပေါ်မှာပဲ တိုက်ရိုက်အသုံးပြုနိုင်သလို စမတ်ဖုန်းတွေမှာ HDMI သို့မဟုတ် Wireless ဖြင့် ချိတ်ဆက်ပြီး TV မှာ အသုံးပြုနိုင်သလို USB Cable ဖြင့် Windows PC တွေမှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် Samsung Galaxy Z Flip5 ဖုန်းဟာ DeX Feature ကို ဘယ်လိုမျိုး Support ပြုလုပ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပြီး Foldable ဖုန်းတွေအတွက် သီးသန့် Feature တွေပါဝင်လာမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။
Ref – GSM Arena