OnePlus ဟာ အခုနောက်ဆုံး Global စျေးကွက်မှာ OnePlus 11 ဖုန်းကို တရားဝင်မိတ်ဆက်ထားတာဖြစ်ပါတယ်။ အခုလည်း OnePlus ကနေ အဆိုပါ OnePlus 11 ဖုန်းအတွက် Special Edition အသစ်ကို မကြာခင်မှာ မိတ်ဆက်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

ဒါကတော့ လက်ရှိ နာမည်ကြီး ဂိမ်းတစ်ခုဖြစ်တဲ့ Genshin Impact နဲ့ ပူးပေါင်းပြီး OnePlus 11 Genshin Impact Edition အနေနဲ့ ထုတ်လာမှာပဲဖြစ်ပါတယ်။ အဆိုပါသတင်းကို Tipster တစ်ဦးဖြစ်တဲ့ Max Jambro ကနေ ပြောကြားခဲ့တာဖြစ်ပြီး ယခု ဇွန်လအတွင်းမှာ မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် OnePlus 11 Genshin Impact Edition ဟာ ဒီဇိုင်းပိုင်းမှာ ဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ဖြစ်နိုင်ခြေများတာက Limited Edition ဖြစ်တာကြောင့် Genshin Impact ဂိမ်းမှာပါဝင်တဲ့ Character တွေကို Figurine အရုပ်၊ Card တွေနဲ့ တခြား လက်ဆောင်တွေကို ဘူးထဲမှာ ထည့်သွင်းထားနိုင်ပါတယ်။

OnePlus 11 ဖုန်းဟာ 6.7″ QHD+ Curved AMOLED Display ပါဝင်ပြီး Qualcomm Snapdragon 8 Gen 2 Chipset ၊​ 50MP Main + 48MP Ultrawide + 32MP Telephoto Sensor တွေပါဝင်တဲ့ Triple Camera Setup အပြင် 100W Fast Charging ကို ထောက်ပံ့ပေးထားတဲ့ 5000mah Battery တွေပါဝင်မယ်လို့ သိရပါတယ်။

Ref – Gizmo China