Honor က Earbuds X5s ကို ကြေညာလိုက်ပြီး Active Noise Cancellation က 30dB အထိ ထောက်ပံ့ထားပါတယ်။ ပတ်ဝန်းကျင်က အသံတွေကို ကြားရတဲ့ Transparency Mode ပါလာပြီး Mode ၂ ခုကို ပြောင်းသုံးနိုင်ပါတယ်။
နားကြပ်ဟာ နားထဲ ထည့်သွင်းနားဆင်ရတဲ့ ဒီဇိုင်း ဖြစ်ပြီး 10mm Driver ထည့်ထားပါတယ်။ ENC Dual Microphone Call Noise Reduction နဲ့ AAC High-definition Codec ပါလာပြီး Dual-mode Bluetooth 5.3 Chip ကို ဆက်သွယ်ရေးအတွက် ထည့်ထားပါတယ်။ IP54 ရေစိုခံစံနှုန်း ထောက်ပံ့ထားပါတယ်။
နားကြပ်ကို Honor ဖုန်းနဲ့ လွယ်ကူစွာ ချိတ်ဆက်နိုင်တဲ့ Quick Pairing ပါလာပြီး Honor Smart Space App ကနေ Touch နဲ့ အသံ Setting တွေကို သတ်မှတ်နိုင်ပါတယ်။ ဘဲဥပုံ Charging Case မှာ USB-C Charging Port ပါပါတယ်။ သီချင်းနားထောင်ရင် ဘက်ထရီ သက်တမ်းက ၉ နာရီခံပြီး Charging Case နဲ့ ပေါင်းလိုက်ရင် ၃၅ နာရီ အသုံးခံပါတယ်။
Honor X5s ကို တရုတ်မှာ ၁၁၉ ယွမ် ( ၁၆ ဒေါ်လာဝန်းကျင်) သတ်မှတ်ထားပြီး Active Noise Cancellation ပါတဲ့ နားကြပ်တွေထဲမှာ ဒီဈေးနဲ့ရဖို့ ရှားပါးပါတယ်။ တရုတ် ပြင်ပမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။
Ref : gizmochina