Domino က အင်္ဂလန်က နာမည်ကြီး Glastonbury ဂီတပွဲတော်မှာ မိုးပျံလူသားနဲ့ ပီဇာတွေ လိုက်ပို့ပေးနေပါတယ်။ မိုးပျံလူသား ဆိုတာ ကတော့ မိုးပေါ်ပျံနိုင်တဲ့ Jetpack ဝတ်ဆင်ထားတဲ့ လူ ဖြစ်ပါတယ်။

Domino's will be using a jet suit to deliver pizza to festival-goers

Domino ရဲ့ လက်ထောက် PR မန်နေဂျာ Sam Wilson က “ နှစ်တိုင်း ပွဲတော်လာသူတွေက ပီဇာ စားချင်တယ်လို့ တောင်းဆိုကြပါတယ်။ အဲဒီအတွက် ဒီနှစ်မှာ မိုးပျံလူသားနဲ့ ပီဇာတွေ လိုက်ပို့ပေးနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေ ဒီဝန်ဆောင်မှုကို ကျေနပ်ကြမယ်လို့ ထင်ပါတယ်။” လို့ ပြောပါတယ်။

ပွဲတော်လာသူတွေက မိုးပျံလူသားနဲ့ ပီဇာပို့ပေးတာကို သဘောကျနေကြပါတယ်။ ပွဲတော်လာသူ Natalie Dixon က “ Glasto မှာ မိုးပျံလူသားကို မြင်ရတာ အရမ်းမိုက်ပါတယ်။ Jet Suit ကို အရင်က တစ်ခါမှ မမြင်ဖူးပါဘူး။ အခုတော့ အဲဒါနဲ့ ပီဇာလိုက်ပို့တာကိုပါ မြင်လိုက်ရပါပြီ။ အနာဂတ်မှာ ကျွန်မ အိမ်ရှေ့ကို မိုးပျံလူသားက ပီဇာလာပို့တာကို မြင်ချင်ပါတယ်။” လို့ ပြောပါတယ်။

Domino's blow minds by delivering flying pizzas to Glastonbury via a jet suit | Virgin Radio UK

အဲဒီ Jetpack ကို Gravity Industries က တီထွင်ထားတာ ဖြစ်ပြီး ဒေါ်လာ ၄၈၃,၀၀၀ တန်ကြေးရှိပါတယ်။ Jetpack ထိပ်မှာ ပီဇာထည့်တဲ့ ပုံး တပ်ဆင်ထားပြီး တစ်ပြိုင်နက်ထဲ ပီဇာ ၂ ခု သယ်ဆောင်နိုင်ပါတယ်။ Domino က မကြာခင်မှာ တခြား နေရာတွေမှာလည်း မိုးပျံလူသားနဲ့ ပီဇာလိုက်ပို့မလား ဆိုတာ မသိရသေးပါဘူး။

စားသောက်ဆိုင်တွေဟာ သမားရိုးကျ ကား၊ ဆိုင်ကယ်၊ စက်ဘီးတွေနဲ့ အစားအစာတွေ လိုက်ပို့တာအပြင် မောင်းသူမဲ့ ကားတွေနဲ့ပါ ပို့ဆောင်ပေးနေကြပါတယ်။ Domino ရဲ့ မိုးပျံလူသားနဲ့ အစားအစာ ပို့ဆောင်ပေးတာက ကမ္ဘာ့ ပထမဆုံးလို့ ပြောနိုင်ပါတယ်။

Ref : yahoo