OPPO A78 4G ကို အင်ဒိုနီးရှားမှာ ကြေညာလိုက်ပြီး A78 5G နဲ့မတူညီတဲ့ Specs များစွာ ပါလာပါတယ်။ OPPO A78 4G မှာ 6.43” AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး FHD+ Resolution နဲ့ 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။
Qualcomm Snapdragon 680 Chipset မောင်းနှင်ထားပြီး 67W Fast Charging ထည့်သွင်းထားတဲ့အတွက် အားသွင်းရင် အလွန်မြန်မှာ ဖြစ်ပါတယ်။
OPPO A78 4G ရဲ့ အနောက်ဘက်မှာ 50MP Main , 2MP Depth ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ ဆော့ဖ်ဝဲ အကြောင်းပြောရရင် Android 13 အခြေပြု ColorOS 13.1 မောင်းနှင်ထားပြီး 5,000mAh Battery တပ်ဆင်ထားပါတယ်။
OPPO A78 4G အတွက် Sea Green နဲ့ Black Mist ၂ ရောင် ထုတ်လုပ်ထားပြီး 8GB RAM/256GB Storage ၁ မျိုးထဲ ထွက်လာပါတယ်။ အင်ဒိုနီးရှား ငွေ ၃,၅၉၉,၀၀၀ တန်ကြေးရှိပြီး ၂၃၆ ဒေါ်လာဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားမှာ OPPO ရဲ့ တရားဝင် အွန်လိုင်း စတိုးကနေ ဝယ်ယူရင် Enco Buds 2 နားကြပ်ကို လက်ဆောင်ရမှာ ဖြစ်ပါတယ်။
Ref : gsmarena