AI နည်းပညာကြောင့် Hollywood က သရုပ်ဆောင်တွေ အလုပ်ပြုတ်တော့မယ့် ကိန်း ဆိုက်နေပါတယ်။ Hollywood စတူဒီယိုတွေက သရုပ်ဆောင်တွေကို စကင်ဖတ်ပြီး AI ဇာတ်ကောင်တွေ ဖန်တီးဖို့ကြိုးစားနေကြပါတယ်။ Hollywood စတူဒီယိုတွေက သရုပ်ဆောင်တွေကို ခွင့်တောင်းစရာ မလို၊ အခကြေးငွေပေးစရာ မလိုဘဲ အဲဒီ AI ဇာတ်ကောင်တွေကို ရုပ်ရှင်တွေထဲမှာ ရာသက်ပန် အသုံးပြုဖို့ ရည်ရွယ်ထားကြပါတယ်။

These AI artworks imagine how Hollywood stars would look as Hindu ascetics | Trending News,The Indian Express

Hollywood စတူဒီယိုတွေရဲ့ အခု လုပ်ရပ်ကို သရုပ်ဆောင်တွေက သပိတ်မှောက်နေကြပြီး ကမ္ဘာ့ အထင်ရှားဆုံး ရုပ်ရှင်လောကမှာ ဆူညံသံများစွာ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် အခါနှောင်းသွားပြီလို့ ပြောရမှာပါပဲ။ Hollywood စတူဒီယိုတွေဟာ “Captain America: Brave New World” နဲ့ Netflix ရဲ့ “The Residence” တို့ အပါအဝင် နောက်ထွက်မယ့် ရုပ်ရှင်တွေမှာ သရုပ်ဆောင်တွေရဲ့ နေရာမှာ ဒစ်ဂျစ်တယ် Avatar တွေကို အသုံးပြုနိုင်တဲ့ AI နည်းပညာကို အသုံးပြုနေကြပါပြီ။

AI Nightmare: Hollywood wants to replace background actors with AI-gen characters, pay them for only a day

သရုပ်ဆောင်တချို့က သူ့တို့ ရုပ်ပုံကို စကင်လုပ်ခွင့်ကို မဖြစ်မနေ ပေးထားရပြီး ငြင်းဆန်ခွင့် မရှိဘူးလို့ ပြောကြပါတယ်။

AI နည်းပညာဟာ Hollywood ရဲ့ ဇာတ်ညွှန်းရေးသူနဲ့ Editors တွေသာမကဘဲ သရုပ်ဆောင်တွေရဲ့ အနာဂတ်ကိုပါ ခြိမ်းခြောက်လာနေပြီ ဖြစ်ပါတယ်။

Ref : firstpost