Redmi က ဒုတိယမျိုးဆက် တက်ဘလက်ကို ဖန်တီးနေပါတယ်။ Redmi Pad 2 လို့ အမည်ပေးထားပြီး ဒီလအစောပိုင်းက 3C Certification မှာ တွေ့လာရပါတယ်။ အခုတော့ Safety Korea က ခွင့်ပြုလိုက်ပြီ ဖြစ်ပြီး ဓါတ်ပုံ တစ်ပုံကိုပါ ဖော်ပြထားပါတယ်။

Redmi Pad 2 SafetyKorea

တက်ဘလက်ရဲ့ မော်ဒယ်နံပါတ်က 23073RPBFL ဖြစ်တယ်လို့ Safety Korea မှာ ဖော်ပြထားပါတယ်။ ဓါတ်ပုံမှာ တက်ဘလက်ကို ဒေါင်လိုက် ပြသထားပြီး အရှေ့ ကင်မရာကို မျက်နှာပြင် အထက်က ဘောင်မှာ တပ်ဆင်ထားပါတယ်။ ပါဝါခလုတ်ကို ဘယ်ဘက်မှာ ထည့်သွင်းထားပါတယ်။

ပြီးခဲ့တဲ့လမှာ Redmi Pad 2 ကို FCC Certification က ခွင့်ပြုခဲ့ပြီး 4GB RAM + 64GB Storage ၊ 4GB RAM + 128GB Storage နဲ့ 6GB RAM + 128GB Storage စတဲ့ မော်ဒယ် ၃ မျိုး ထုတ်လုပ်ထားမှာပါ။ MIUI 14 ထည့်ထားမှာ ဖြစ်ပြီး Android 13 ကို အခြေပြုထားတာဖြစ်နိုင်ပါတယ်။

Redmi Pad 2 SafetyKorea.1jpg

ပေါက်ကြားသတင်းတွေအရ Redmi Pad 2 မှာ ၁၀.x လက်မ IPS LCD မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 2K Resolution နဲ့ 90Hz Refresh Rate ထောက်ပံ့ထားမှာပါ။ Snapdragon 680 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး LPDDR4x RAM ပါလာမှာပါ။ 8,000mAh Battery နဲ့ 22.5W Fast Charging ထည့်ထားမှာ ဖြစ်ပြီး အရှေ့နဲ့ အနောက်မှာ 8MP ကင်မရာ တပ်ဆင်ထားမှာပါ။

Redmi Pad 2 ကို နိုင်ငံများစွာမှာ ရောင်းချနိုင်ပြီး မကြာခင်က သတင်းအရ Xiaomi Pad 6 Max တက်ဘလက်၊ Xiaomi Mix Fold 3 Foldable ဖုန်း၊ Redmi K60 Ultra တို့နဲ့အတူ တရုတ်မှာ ဩဂုတ်လအတွင်း ကြေညာနိုင်ပါတယ်။

Ref : gizmochina