Huawei ဟာ ယခုနှစ်ကုန်ပိုင်းမှာ Mate 60 Series Flagship ဖုန်းတွေကို မိတ်ဆက်ဖို့ ပြင်ဆင်နေပြီဖြစ်ပြီး သတင်းတွေလည်း ဆက်တိုက်ပေါက်ကြားနေပြီဖြစ်ပါတယ်။ အခုလည်း တရုတ်နိုင်ငံတွင်း နာမည်ကြီး Tipster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ Huawei Mate 60 ဖုန်းရဲ့ သတင်းအချက်အလက်အချို့ကို ထပ်မံဖော်ပြခဲ့ပါတယ်။
Digital Chat Station ရဲ့ ပြောကြားချက်အရ Huawei Mate 60 ဖုန်းဟာ Display ပိုင်းမှာ 6.7″ 1.5K OLED Display ကို ထည့်သွင်းထားမယ်လို့ သိရပါတယ်။ ဒါပေမယ့် အဆိုပါ Display က Curved မဟုတ်ဘဲ Flat Display အမျိုးအစားကိုပဲ Center Punch-hole Selfie Camera ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။
အဆိုပါ Center Punch-hole Selfie Camera ဟာ Mate 60 ဖုန်းမှာ ဒီဇိုင်းပြောင်းလဲထားမှာဖြစ်ပြီး Apple iPhone တွေမှာပါဝင်တဲ့ Dynamic Island လိုမျိုးပုံစံ ပြုလုပ်ထားမယ်လို့ သိရပါတယ်။ ဒါကြောင့် ပုံမှန် Selfie Camera အပြင် Face Unlock အတွက် 3D Depth Sensor လည်းပါဝင်မယ့် ပုံစံပါပဲ။
အစောပိုင်းတုန်းကလည်း Digital Chat Station ကနေ Mate 60 ဖုန်းရဲ့ နောက်ဖက်ဒီဇိုင်းဓါတ်ပုံကို ဖော်ပြခဲ့ဖူးပြီး Mate 50 Series လိုမျိုးပဲ စက်ဝိုင်းပုံစံ Camera Setup ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Huawei Mate 60 Series ဖုန်းတွေမှာ Huawei ရဲ့ ကိုယ်ပိုင်း XMAGE Image Processing အပြင် အဆင့်မြှင့်တင်ထားတဲ့ Periscope Telephoto Sensor လည်းပါဝင်မယ်လို့ သိရပါတယ်။
Huawei က အဆိုပါ Mate 60 Series ဖုန်းတွေကို မိတ်ဆက်မယ့်အချိန်ကို တရားဝင်ပြောပကြားခဲ့ခြင်းမရှိသေးဘဲ ဖြစ်နိုင်ခြေများတာက စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလ အတွင်းမှာ မိတ်ဆက်လာနိုင်ပါတယ်။
Ref – Gizmo China