သင့် အိမ်မှာ မီးပျက်သွားတဲ့အခါမှာ လျှပ်စစ်ကားတွေကို မီးစက်လို အသုံးပြုနိုင်ရင် တော်တော် အဆင်ပြေမှာပါ။ အခုတော့ General Motors က အဲဒီလို လျှပ်စစ်ကားတွေကို ၂၀၂၆ ခုနှစ်မှာ ထုတ်လုပ်ရောင်းချဖို့စီစဉ်နေပါတယ်။

GM's new EVs could double as emergency generators

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခု အကြာက Nissan က Leaf လျှပ်စစ်ကား မော်ဒယ်နဲ့ Vehicle-to-Home (V2H) Bidirectional အားသွင်းနည်းပညာကို မိတ်ဆက်ခဲ့ပါတယ်။ Leaf လျှပ်စစ်ကားကနေ နေအိမ်ကို လျှပ်စစ်ဓါတ်အား ပံ့ပိုးပေးနိုင်ပါတယ်။ တခြား ကားကုမ္ပဏီတွေက Nissan နောက်မှာ ပြတ်ကျန်ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ GM က Nissan ရဲ့ လမ်းစဉ်ကိုလိုက်တော့မှာ ဖြစ်ပြီး GM ရဲ့ လျှပ်စစ်ကားတွေမှာ အဲဒီ နည်းပညာ ထည့်သွင်းပေးတော့မှာပါ။ ဒါပေမယ့် V2H နည်းပညာကို ကားအားလုံးမှာ ထည့်သွင်းပေးမှာ မဟုတ်ပါဘူး။ 2024 Chevrolet Silverado EV RST, GMC Sierra EV Denali Edition 1, Chevrolet Blazer EV, Chevrolet Equinox နဲ့ Cadillac Lyriq တို့လို စွမ်းရည်မြင့် မော်ဒယ်တွေမှာ ထည့်သွင်းပေးမှာပါ။

Bi-Directional EV Charging and Home Power Storage in Electric Vehicles

သင့် အိမ်မှာ မီးပျက်တဲ့အခါ ဓါတ်မီးတွေ၊ ဖယောင်းတိုင်တွေ မလိုတော့ပါဘူး။ လျှပ်စစ်ကားမှာ ပလက်ထိုးပြီး Netflix နဲ့ဆက်လက် ဇိမ်ကျလို့ရသွားမှာပါ။ GM က V2H စွမ်းရည် အသေးစိတ်ကို မပြောသေးပါဘူး။ Ford F-150 Lightning ဆိုရင် နေအိမ်ကို ၁၀ ရက်အထိ လျှပ်စစ်ဓါတ်အား ပံ့ပိုးပေးနိုင်ပါတယ်။

Ref : arenaev