Xiaomi က တရုတ်မှာ တတိယမျိုးဆက် Foldable ဖုန်းကို ကြေညာလိုက်ပါတယ်။ Xiaomi Mix Fold 3 လို့ အမည်ပေးထားပြီး Honor Magic V2 ကို ကျော်တက်ကာ ကမ္ဘာ့ အပါးလွှာဆုံး Foldable ဖုန်း ဖြစ်လာပါတယ်။
ဖုန်းကို ဖြန့်ထားချိန်မှာ အထူက ၅.၂၆ မီလီမီတာနဲ့ ခေါက်ထားချိန်မှာ ၁၀.၉၆ မီလီမီတာ ရှိပါတယ်။ အရင်မျိုးဆက်ထက် ပိုမာကျောတဲ့ Hinge ထည့်သွင်းထားပြီး အကြိမ်ပေါင်း ၅၀၀,၀၀၀ ကျော် ခေါက်ချိုးနိုင်ပါတယ်။ Hinge က ၄၅ နဲ့ ၁၃၅ ဒီဂရီ အတွင်း မျက်နှာပြင်ကို တည်ငြိမ်အောင်ထိန်းပေးထားနိုင်ပါတယ်။ (Hover Mode)
ပင်မ Foldable မျက်နှာပြင်က 8.03” 2K ဖြစ်ပြီး UTG Protection ပါပါတယ်။ အပြင်ဘက် မျက်နှာပြင်က 6.56” 21:9 FHD+ ဖြစ်ပြီး Gorilla Glass Victus နဲ့ ကာကွယ်ထားပါတယ်။
မျက်နှာပြင် ၂ ခုစလုံးမှာ E6 Material ကို သုံးထားပြီး 120Hz Refresh Rate နဲ့ Dolby Vision ထောက်ပံ့ထားပါတယ်။ 2600 nits Peak Brightness အထိ ရရှိပြီး Global Brightness Level က 1300 nits ဖြစ်ပါတယ်။ စတီရီယို စပီကာ ၂ လုံး တပ်ဆင်ထားပြီး Android 13 အခြေပြု MIUI 14 မောင်းနှင်ထားပါတယ်။
Snapdragon 8 Gen 2 Chipset ရဲ့ Overclocked Version တပ်ဆင်ထားပြီး LPDDR5x RAM နဲ့ UFS 4.0 Storage ထည့်သွင်းထားပါတယ်။ 67W Wired နဲ့ 50W Wireless Charging ထောက်ပံ့ထားပြီး 4,800mAh Battery ပါပါတယ်။
အနောက်ဘက်မှာ Leica-tuned ကင်မရာ ၄ လုံးနဲ့ အပြင်နဲ့ အတွင်း မျက်နှာပြင်တွေမှာ 20MP အရှေ့ ကင်မရာတွေ တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာတွေက 50MP Sony IMX800 Main , 12MP Ultrawide, 10MP 3.2x Telephoto နဲ့ 10MP 5x Periscope တွေ ဖြစ်ပါတယ်။ Ultrawide က လွဲပြီး ကျန်တဲ့ ၃ လုံးမှာ OIS ပါပါတယ်။
ဈေးနှုန်း
- 12GB + 256GB – ¥8,999 (~$1,240)
- 16GB + 512GB – ¥9,999 (~$1,375)
- 16GB + 1TB – ¥10,999 (~$1,515)
Glass နဲ့ Dragon Scale Fiber Version တွေ ထုတ်လုပ်ထားပြီး Glass အတွက် Black နဲ့ Gold အရောင်တွေ ရရှိနိုင်ပါတယ်။ Dragon Scale Fiber မှာ Glass ထက် ၃၆ ဆ ပိုမိုမာကျောတဲ့ Aerospace Fiber Composite Material ကို သုံးထားပါတယ်။
Xiaomi Mix Fold 3 ကို တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၁၆ ရက်နေ့ ရောင်းမှာပါ။
Ref : gizmochina