Xiaomi က တန်ဖိုးနည်း Redmi Pad SE တက်ဘလက်ကို ကြေညာလိုက်ပါတယ်။ အရွယ်ကြီး မျက်နှာပြင် တပ်ဆင်ထားပြီး ရုပ်ထွက် အရည်အသွေး ကောင်းကောင်း ခံစားရမှာ ဖြစ်ကာ ၁၉၉ ယူရိုပဲ ကျသင့်ပါတယ်။

Xiaomi brings Redmi Pad SE with an affordable price, 8,000 mAh battery

တက်ဘလက်မှာ Snapdragon 680 Chipset မောင်းနှင်ထားပြီး 6nm Process နဲ့ တည်ဆောက်ထားပါတယ်။ 128GB Storage ပါတဲ့အပြင် 1TB microSD Card စိုက်နိုင်ပါတယ်။ RAM အနေနဲ့ 4GB, 6GB နဲ့ 8GB တွေ ထုတ်လုပ်ထားပါတယ်။

Xiaomi brings Redmi Pad SE with an affordable price, 8,000 mAh battery

၁၁ လက်မ LCD 1920x1200p မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Redmi က 400 Nits Brightness နဲ့ 1500:1 Contrast ရတယ်လို့ ကတိပေးထားပြီး Blue Light လျှော့ချပေးတဲ့ TUV Theinland စံနှုန်း ပါပါတယ်။

မျက်နှာပြင် ဘေးဘောင်တွေက ပါးလွှာပြီး 5MP ဆဲလ်ဖီး ကင်မရာကို ထိပ်မှာ တပ်ထားပါတယ်။ (အလျားလိုက်ကိုင်ထားရင်) အနောက်ဘက်မှာ 8MP ကင်မရာ ပါလာပြီး 1080p Video ရိုက်ကူးနိုင်ပါတယ်။ အရွယ်ကြီး စပီကာ ၄ လုံး ထည့်ထားပြီး Dolby Atmos နဲ့ Hi-Res Audio ထောက်ပံ့ထားကာ နားကြပ်ပေါက် တပ်ထားပါတယ်။

Xiaomi brings Redmi Pad SE with an affordable price, 8,000 mAh battery

အရွယ်ကြီး 8,000mAh Battery ကို USB-C Port ကနေ အားသွင်းနိုင်ပြီး 10W Charging ထောက်ပံ့ထားပါတယ်။ Android 13 အခြေပြု MIUI Pad 14 မောင်းနှင်ထားပြီး WiFi နဲ့ Bluetooth 5.0 ဆက်သွယ်မှုတွေ ပါပါတယ်။

Lavender Purple, Graphite Gray နဲ့ Mint Green အရောင်တွေ ထုတ်လုပ်ထားပြီး 4GB ကို ၁၉၉ ယူရို၊ 6GB ကို ၂၂၉ ယူရိုနဲ့ 8GB ကို ၂၄၉ ယူရို သတ်မှတ်ထားပါတယ်။

Ref : gsmarena