Samsung ရဲ့ နောက်မျိုးဆက် စွမ်းရည်မြင့် Galaxy S24 Series ရဲ့ သတင်းအချက်အလက်တွေ မကြာခဏ ထွက်ပေါ်လာနေပါတယ်။ အခုလည်း Galaxy S24 Ultra ရဲ့ မျက်နှာပြင်သတင်းအချက်အလက်‌တွေ ပေါက်ကြားလာပါတယ်။

Samsung Galaxy S24 Ultra poised to get design overhaul, conceptualized in a fresh video - Yanko Design

Tipster itnyang က Galaxy S24 Ultra မှာ အတောက်ပဆုံး မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 2200 Nits Brightness နဲ့အထက် ရှိမယ်လို့ပြောပါတယ်။ Samsung ဟာ 2500 Nits ကနေ  2800 Nits Brightness အထိ ရှိတဲ့ မျက်နှာပြင် နမူနာများစွာကို စမ်းသပ်နေတယ်လို့သိရပါတယ်။

အတောက်ပဆုံး မျက်နှာပြင် ပါလာမှာက ကောင်းပေမယ့် ဘက်ထရီကို အလွန်အကျွံစားသုံးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အထူး လုပ်ဆောင်ချက် တချို့မှာပဲ အဲဒီ Brightness ကို ထောက်ပံ့ပေးထားနိုင်ပါတယ်။

Samsung Galaxy S24 Ultra may get big upgrades, leave iPhone 15 Pro Max behind | Mobile News

Galaxy S24 Ultra မှာ iPhone 15 Pro နဲ့ OPPO Find X6 Pro တို့မှာ သုံးထားမယ့် တူညီတဲ့ M13 အမည်ရ OLED Panel ကို ထည့်သွင်းထားနိုင်ပါတယ်။ 200MP Main ,12MP Ultrawide, 50MP Telephoto နဲ့ 10MP Telephoto ကင်မရာတွေ တပ်ဆင်ထားမယ်လို့ သတင်းထွက်နေပါတယ်။

ရိုးရိုး Galaxy S24 မှာတော့ 4,000mAh Battery ၊ Galaxy S24 Plus မှာ 4,900mAh Battery နဲ့ Galaxy S24 Ultra မှာ 5,000mAh Battery ပါလာနိုင်ပါတယ်။ Galaxy S24 Series မှာ 4nm Process နဲ့ တည်ဆောက်ထားတဲ့ Snapdragon 8 Gen 3 SoC မောင်းနှင်ထားနိုင်ပါတယ်။

Ref : gizmochina