Xiaomi က ဩဂုတ်လ ၁ ရက်နေ့ အိန္ဒိယမှာ Redmi 12 4G နဲ့ Redmi 12 5G ကို ကြေညာခဲ့ပြီး ဩဂုတ်လ ၄ ရက်နေ့မှာ ပထမအသုတ် ရောင်းချပေးခဲ့ပါတယ်။ ပထမအသုတ်မှာ အလုံးရေ ၃၀၀,၀၀၀ ရောင်းချနိုင်ခဲ့ပြီး ရူပီး ၃ ဘီလီယမ် ( ဒေါ်လာ ၃၆ သန်း)ရရှိခဲ့ပါတယ်။

အခုတော့ Xiaomi က ၁ လအတွင်း အိန္ဒိယမှာ Redmi 12 Series စမတ်ဖုန်း ၁ သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။

ဒါပေမယ့် Xiaomi က 4G နဲ့ 5G မော်ဒယ် အလုံးရေ ဘယ်လောက် ရောင်းချခဲ့ရသလဲဆိုတာ ခွဲခြား မပြောပါဘူး။ Redmi 12 4G ရဲ့ အခြေခံ မော်ဒယ်ကို အိန္ဒိယမှာ ရူပီး ၉,၉၉၉ (၁၂၀ ဒေါ်လာ)နဲ့ Redmi 12 5G ကို ၁၁,၉၉၉ ရူပီး (၁၄၅ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Redmi 12 4GRedmi 12 5G

Redmi 12 4G နဲ့ 5G မှာ မတူညီတဲ့ Processor ၊ Storage Types နဲ့ အနောက်ကင်မရာတွေ ထည့်သွင်းထားပြီး တခြား Specs တွေက တူညီကြပါတယ်။ Redmi 12 4G နဲ့ Redmi 12 5G တို့ဟာ တန်ဖိုးနည်း စမတ်ဖုန်းတွေ ဖြစ်ပြီး အိန္ဒိယမှာ လူကြိုက်များတာ အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။

Ref : gsmarena