Xiaomi ကနေ အစောပိုင်းတုန်းက ပြီးခဲ့တဲ့စက်တင်ဘာလ ၁ ရက်နေ့မှာ Xiaomi 13T Series ဖုန်းတွေကို မိတ်ဆက်ဖို့စီစဥ်ထားတယ်ဆိုပြီး သတင်းထွက်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ မိတ်ဆက်ခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် ဆက်လက်စောင့်ဆိုင်းရဖွယ်ရှိနေပြီး အခုလည်း Xiaomi 13T ဖုန်းရဲ့ ဓါတ်ပုံအပြင် Specs တွေကိုပါ ထပ်မံသိရှိခဲ့ရပါတယ်။

အဆိုပါသတင်းကို Tipster တစ်ဦးဖြစ်တဲ့ Paras Guglani ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Global Launch Event ကို လာမယ့် စက်တင်ဘာလ ၁၆ ရက်နေ့မှာ မိတ်ဆက်သွားနိုင်တယ်လို့ သိရပါတယ်။

Paras ရဲ့ ဖော်ပြချက်အရ Xiaomi 13T Pro ဖုန်းဟာ MediaTek Dimensity 9200 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး RAM 12GB သို့မဟုတ် RAM 16GB ဆိုပြီး ရွေးချယ်နိုင်မယ့်အပြင် Storage ပိုင်းမှာလည်း 256GB ၊ 512GB သို့မဟုတ် 1TB ဆိုပြီး ပါဝင်မှာဖြစ်ပါတယ်။ အရောင်အနေနဲ့ ၂ မျိုးရွေးချယ်နိုင်မှာဖြစ်ပြီး Glass Back ကို အသုံးပြုထားတဲ့ Classic Black နဲ့ Leather-like Texture ကို အသုံးပြုထားတဲ့ Light Blue ဆိုပြီး ရွေးချယ်နိုင်မှာပါ။

Display ပိုင်းအတွက် 1.5K OLED Display ပါဝင်မှာဖြစ်ပြီး 144Hz Refresh Rate ၊ 2600nits Peak Brightness ၊ 2880Hz PWM Dimming အပြင် HDR 10+ ကိုပါ ထောက်ပံ့ပေးထားနိုင်ပါတယ်။ Camera ပိုင်းမှာလည်း 50MP Sony IMX707 Main Sensor ၊ 13MP Ultrawide ၊ 50MP Telephoto Sensor တွေပါဝင်တဲ့ Triple Camera Setup ကိုပါဝင်မှာဖြစ်ပြီး အရှေ့ဘက်မှာ 20MP Selfie Camera ကို ထည့်သွင်းပေးထားပါတယ်။

ကျန်တဲ့အပိုင်းတွေမှာတော့ Xiaomi 13T Pro ဖုန်းဟာ IP68 Dust & Water Resistant Rating ပါဝင်မှာဖြစ်သလို 120W Fast Charging ကို ထောက်ပံ့ပေးနိုင်တဲ့ 5000mAh Battery ပါဝင်မှာဖြစ်ပါတယ်။

Ref – Gizmo China