အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာတဲ့ သတင်းအရ Xiaomi ဟာ Xiaomi Sound နဲ့ Sound Pro မှာ Xiao AI မော်ဒယ် Update အသစ်ကို စမ်းသပ်ဖို့ User တချို့ကို ဖိတ်ခေါ်နေပါတယ်။
Xiaomi ဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ Xiaomi Sound Pro စမတ် စပီကာကို ရောင်းချခဲ့ပါတယ်။ အဲဒီ စမတ်စပီကာဟာ ကိုယ်ထည် အထက်ပိုင်း ဖောက်ထွင်းမြင်ရတဲ့ ဒီဇိုင်းနဲ့ သီချင်းနဲ့ လိုက်ဖက်တဲ့ မီးအလင်းရောင်တွေကို ပြသပေးတဲ့အတွက် နာမည်ကြီးပါတယ်။
ITHome ရဲ့ မကြာခင်က သတင်းအရ Xiaomi ဟာ အဆင့်မြင့် Xiao AI Version ကို တီထွင်ထားပြီးပြီ ဖြစ်ပြီး စမ်းသပ်တဲ့ အဆင့်ကို ရောက်နေပြီလို့ ပြောပါတယ်။
Xiaomi ဟာ ဒီ Voice Assistant အသစ်ကို စမ်းသပ်ဖို့ လူတချို့ကို ဖိတ်ခေါ်ထားပါတယ်။ ဒါ့အပြင် စမ်းသပ်မယ့် Device တွေက Xiaomi Sound နဲ့ Xiaomi Sound Pro တို့ ဖြစ်ပါတယ်။
ကုမ္ပဏီက ဖိတ်ခေါ်ထားတဲ့ လူတွေရဲ့ အကူအညီနဲ့ Bugs တွေကို ပြင်ဆင်ဖို့ စီစဉ်ထားပါတယ်။ အနာဂတ် Xiaomi ရဲ့ စပီကာတွေမှာ Xiao AI ပါလာနိုင်ပါတယ်။
ဒါ့အပြင် Voice Assistant အသစ်မှာ Dialogues အသစ်တွေ၊ မေးခွန်းတွေကို အချိန်ပြည့် ဖြေပေးတာတွေ၊ User တွေရဲ့ နှစ်သက်မှု အလိုက် ပိုကောင်းတဲ့ အကြံပြုချက်တွေနဲ့ စာသင်ကြားပေးတဲ့ လက်ထောက်တွေလို လုပ်ဆောင်ချက် အသစ်တွေ ပါလာနိုင်ပါတယ်။
Ref : gizmochina