Xiaomi က မကြာခင်ကပဲ စာအုပ်လို ခေါက်ချိုးနိုင်တဲ့ Mix Fold 3 ကို ကြေညာခဲ့ပါတယ်။ ကုမ္ပဏီဟာ ဒေါင်လိုက် ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်း ၁ လုံးကိုလည်း ဖန်တီးနေပါတယ်။
Xiaomi Mix Flip ကို တရုတ်က IMEI Database မှာ တွေ့လာရပြီ ဖြစ်ပြီး မော်ဒယ်နံပါတ်က 2311BPN23C ဖြစ်ပါတယ်။
အရင်က ပေါက်ကြားသတင်းအရ Mix Flip ကို နောက်နှစ်မှာ Mix Fold 4 နဲ့အတူ ကြေညာမှာ ဖြစ်ပါတယ်။ တခြား သတင်းတွေအရ Mix Flip ကို ဒီနှစ်ကုန်မှာ ကြေညာမယ်လို့လည်း သိရပါတယ်။ Mix Flip ရဲ့ ပုံကြမ်း ဒီဇိုင်း ဓါတ်ပုံတွေလည်း ထွက်ပေါ်နေပါတယ်။
ဓါတ်ပုံအရ ကင်မရာ Island ဟာ ထူးခြားနေပြီး Pixel ဖုန်းတွေနဲ့ တူနေပါတယ်။ ဆန်ဆာ ၃ လုံး တပ်ဆင်ထားပြီး Telephoto နဲ့ 3x Optical Zoom တွေ ပါလာနိုင်ပါတယ်။
နောက်လမှာ ကြေညာမယ့် Qualcomm Snapdragon 8 Gen 3 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး Mix Flip ဟာ Mix Fold 3 လိုပဲ အလွန်ပါးလွှာ ပေါ့ပါးမှာ ဖြစ်ပါတယ်။
Mix Fold တွေကို တရုတ်မှာပဲ ရောင်းချပေးထားပြီး Mix Flip ကိုလည်း အဲဒီလိုပဲ ရောင်းချနိုင်ပါတယ်။
Ref : gsmarena