Xiaomi ကတော့ ဖင်လန်မှာ ဖုန်းတွေ ရောင်းချတာနဲ့ ပတ်သက်ပြီး ပြဿနာ တက်နေပါပြီ။ ဖင်လန်ရဲ့ အဓိက Carrier ၃ ခု ဖြစ်တဲ့ Telia, DNA နဲ့ Elisa က ပြီးခဲ့တဲ့ နှစ်က ယူကရိန်းကို စစ်ပွဲ စတင် ဖန်တီးခဲ့တဲ့ ရုရှားမှာ Xiaomi ဟာ ရောင်းချနေတဲ့အတွက် ဖင်လန်မှာ ရောင်းချတာကို ပိတ်ပင်လိုက်ပါတယ်။

MI STORE (XIAOMI) | CENTRAL PARK MALL JAKARTA

Gigantti နဲ့ Verkkokauppa စတိုးတွေကတော့ ဥရောပ သမဂ္ဂက Xiaomi ကို မပိတ်ပင်ထားတဲ့အတွက် Xiaomi ရဲ့ ထုတ်ကုန်တွေကို ဆက်လက် ရောင်းချမယ်လို့ ပြောပါတယ်။

Xiaomi ဟာ ရုရှားမှာ ရောင်းချနေတဲ့အတွက် ယူကရိန်းမှ National Agency of Corruption Prevention က ဒီနှစ် အစောပိုင်းမှာ Xiaomi ကို စစ်ပွဲကို ထောက်ပံ့ပေးနေသူ အဖြစ် ကြေညာခဲ့ပါတယ်။ Telia က ပစ္စည်းရှိသလောက်ပဲ ရောင်းချတော့မှာ ဖြစ်ပြီး ပစ္စည်းကုန်သွားရင် ဆက် မရောင်းတော့ဘူးလို့ ပြောပါတယ်။

Where To Buy | Xiaomi Philippines - Mi Philippines

DNA စတိုးတွေမှာ Xiaomi ဖုန်းတွေကို ပြသထားခြင်း မရှိတော့ပါဘူး။ DNA CEO Sami Aavikko က ရုရှားမှာ Xiaomi ရဲ့ ပါဝင်ပတ်သက်နေမှုကို မကြိုက်ဘူးလို့ ပြောပါတယ်။ လက်ရှိ ပစ္စည်း ပြတ်သွားတာနဲ့ Xiaomi ထုတ်ကုန်တွေကို မရောင်းတော့ဘူးလို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်က စစ်တမ်းအရ ဖင်လန်လူမျိုး ၇၆ ရာခိုင်နှုန်းဟာ ရုရှား အပေါ် အကောင်းမမြင်ကြဘဲ ၉၀ ရာခိုင်နှုန်းကျော်က ရုရှားဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် ရန်သူလို့ ယုံကြည်ထားကြပါတယ်။

Ref : gsmarena