Xiaomi က ၂၀၂၃ ခုနှစ် မကုန်ခင်မှာ 14 Series ကို ကြေညာဖို့ ပြင်ဆင်နေပြီး အခုတော့ တရုတ်က Chinese Compulsory Certification (CCC) မှာ မှတ်ပုံတင်ထားပါတယ်။ 3C မှာ Xiaomi 14 ရဲ့ မော်ဒယ်နံပါတ်ဟာ 23127PN0CC ဖြစ်ပြီး 90W Charging ပါလာမယ်လို့ ဖော်ပြထားပါတယ်။
အဲဒီ စမတ်ဖုန်းရဲ့ Charger ဟာ 6.1-4.5A မှာ Power Output 5-20V ရှိပြီး 90W Max နဲ့ ညီမျှပါတယ်။ အဲဒီ အမြန်နှုန်းရဖို့ Xiaomi MDY-14-EC Charger လိုအပ်ပြီး Xiaomi က 14 ဘူးထဲမှာ Charger ထည့်ပေးမလားဆိုတာ မသိရသေးပါဘူး။
၂၀၂၂ ခုနှစ် အစောပိုင်းက Xiaomi 13 မှာ Charger ထည့်သွင်းပေးခဲ့ပေမယ့် နိုင်ငံတကာဈေးကွက်တွေမှာပဲ ပေးခဲ့တာပါ။ တရုတ်မှာတော့ User တွေဟာ Charger ကို သီးသန့် ဝယ်သုံးခဲ့ရပါတယ်။
Xiaomi အတွက် 90W Charging Speed ဟာ အသစ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် Xiaomi 14 မှာ အဲဒီအားသွင်း အမြန်နှုန်း ထည့်သွင်းပေးမှာက ထူးခြားပါတယ်။ အရင်မျိုးဆက် ၂ ခုမှာ 67W Wired Charging ပါလာပြီး 13 Pro နဲ့ 12 Pro မှာ 120W Charging ထည့်ပေးထားပါတယ်။
Xiaomi ဟာ 14 Pro ရဲ့ အားသွင်းနှုန်းကို တိုးမြှင့်ပေးမလားဆိုတာ မသိရသေးပါဘူး။ မကြာခင်မှာ အဲဒီသတင်းအချက်အလက်တွေကို ပိုမို သိလာရတော့မှာ ဖြစ်ပါတယ်။
Ref : gsmarena