ကိုရီးယား မီဒီယာ The Elec က Samsung Galaxy S24 Ultra မှာ Snapdragon 8 Gen 3 Chipset သုံးထားမယ်လို့ ပြောပါတယ်။
Galaxy S24 နဲ့ Galaxy S24+ မှာတော့ Exynos 2400 သို့မဟုတ် Snapdragon 8 Gen 3 ကို ထည့်ထားမယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနဲ့ ဥရောပက အလုံးတွေမှာ Exynos ထည့်ထားမှာ ဖြစ်ပြီး မြောက်အမေရိကမှာတော့ Snapdragon ကို သုံးထားမှာဖြစ်ပါတယ်။
ပေါက်ကြားသတင်းတွေအရ Exynos 2400 အတွက် Samsung ရဲ့ နောက်ဆုံးထုတ် 4nm LPP+ Process ကိုအသုံးပြုထားမှာ ဖြစ်ပြီး Samsung က Exynos 2200 ထက် CPU စွမ်းဆောင်ရည်က ၂ ဆ နီးပါး ပိုမြန်လာမှာ ဖြစ်ပြီး AI စွမ်းဆောင်ရည်ဟာ ၁၅ ဆ နီးပါး ပိုမြန်လာမယ်လို့ ပြောပါတယ်။
နောက်ထွက်မယ့် Snapdragon 8 Gen 3 မှာ TSMC ရဲ့ နောက်ဆုံးထုတ် Node ကို အသုံးပြုထားမှာ ဖြစ်ပေမယ့် တချို့ သတင်းတွေအရ အဲဒီ Chipset မှာ 3nm နဲ့ 4nm Process ၂ မျိုးစလုံးကို အသုံးပြုထားမယ်လို့ ပြောကြပါတယ်။ အဲဒီသတင်းအချက်အလက်တွေကို ဒီလကုန်မှာ သေသေချာချာ သိရတော့မှာ ဖြစ်ပါတယ်။
Ref : gsmarena