Xiaomi က ၂၀၁၀ ခုနှစ်ကတည်းက MIUI Android Interface ကို ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် MIUI ကို တစ်ကမ္ဘာလုံးမှာ လစဉ် သုံးစွဲသူ ၅၆၄ သန်းကျော် ရှိနေပြီ ဖြစ်ပြီး နောက်ဆုံးထုတ် MIUI 14 ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကြေညာခဲ့တာပါ။
Xiaomi ဟာ နောက်မျိုးဆက် Custom Interface မှာ ပြောင်းလဲမှု ပြုလုပ်တော့မယ်လို့ ထင်ရပါတယ်။ နာမည်ကြီး Tipster Digital Chat Station က Xiaomi ဟာ MIUI အစား MiOS ကို အသုံးပြုမယ်လို့ ပြောပါတယ်။
MiOS ဟာ MIUI လိုပဲ နောက်ထပ် Android အခြေပြု OS လား၊ Mobile Operating System အသစ်လား ဆိုတာ မသိရသေးပါဘူး။
အရင်က သတင်းတွေအရ Xiaomi ဟာ Huawei ရဲ့ လမ်းစဉ်အတိုင်း ကိုယ်ပိုင် Android Open Source Project (AOSP) အခြေပြု Operating System ကို ဖန်တီးမှာ ဖြစ်ပြီး Xiaomi ရဲ့ စမတ်ဖုန်း၊ တက်ဘလက်၊ Wearable နဲ့ လျှပ်စစ်ကားမှာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
Xiaomi ဟာ MiOS အမည်နဲ့ mios.cn Domain ကို တရုတ်မှာ မှတ်ပုံတင်ထားပြီးပြီ ဖြစ်ပြီး တရုတ် မီဒီယာတွေမှာ MiOS Developer Beta သတင်းတွေ ပလူပျံနေပါတယ်။
Ref : gsmarena