နည်းပညာဟာ လူသားတွေရဲ့ ဘဝနေထိုင်မှု ပုံစံကို အကျိုးများစွာ ပြုနေပါတယ်။ အရင်က နာရီပေါင်းများစွာ သွားရတဲ့ ခရီးကို နာရီအနည်းငယ်နဲ့ သွားနိုင်ပါပြီ။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ကို မပျက်ဆီးစေတဲ့ သယ်ယူပို့ဆောင်ရေး နည်းလမ်းတွေကိုလည်း တီထွင်နေကြပါတယ်။ အခုတော့ တရုတ်က ရထားလမ်းအောက်က သွားတဲ့ ရထားကို ဝန်ဆောင်မှု ပေးလိုက်ပါတယ်။ အဲဒီရထားက ဘာတွေ ကောင်းကျိုးရှိသလဲဆိုတာ အောက်မှာ ဆက်လေ့လာကြည့်ရအောင်။

China's First Suspended Monorail

ရထားလမ်းအောက်က သွားတဲ့ ရထား ဒီဇိုင်းဟာ သမားရိုးကျ ရထားတွေထက် အကျိုးကျေးဇူးများစွာ ရှိပါတယ်။ ဆူညံသံနဲ့ တုန်ခါမှု နည်းပါးသလို ဘေးကင်းလုံခြုံရေး ပိုကောင်းပါတယ်။ ဒါ့အပြင် ခရီးသည်တွေ စီးနင်းနိုင်တဲ့ နေရာ ပိုကျယ်ပါတယ်။ ဝူဟန်မှာ အဲဒီရထားကို စတင် ပြေးဆွဲပေးလိုက်ပြီ ဖြစ်ပြီး ဒါဟာ ရထားလမ်းအောက်က သွားတဲ့ တရုတ်ရဲ့ ပထမဆုံး ရထား ဖြစ်ပါတယ်။

ရထားလမ်းကို Wuhan Guanggu Aerial Rail Tourist Line လို့ အမည်ပေးထားပြီး မြို့ရဲ့ အရှေ့ဘက်မှာ တည်ရှိပါတယ်။ Nine Peaks National Forest Park နဲ့ Longquanshan Ming Chuwang Tomb Archaeological Site Park ကို ဆက်သွယ်ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ ရထားလမ်းဟာ ၁၀.၅ ကီလိုမီတာ အရှည်ရှိပြီး ဘူတာရုံ ၆ ခု ရှိပါတယ်။

China launches first smart suspended monorail line in Wuhan - CGTN

ရထားဟာ ၁ နာရီကို ၆၀ ကီလိုမီတာ အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ပြီး ခရီးသည် ၂၂၀ ကို သယ်ဆောင်နိုင်ပါတယ်။ အလိုအလျှောက် မောင်းတဲ့ ရထားဖြစ်ပြီး ခရီးသည်တွေ ရှုခင်းကြည့်ဖို့ အရွယ်ကြီး ပြတင်းပေါက်တွေ ထည့်သွင်းထားပါတယ်။

ဒီစီမံကိန်းရဲ့ ကုန်ကျစားရိတ်က မသေးဘဲ ယွမ် ၂.၅ ဘီလီယမ် ကုန်ကျကာ ဒေါ်လာနဲ့ တွက်ရင် ၃၄၁ သန်းနဲ့ညီမျှပါတယ်။ တည်ဆောက်မှုဟာ ၂၀၁၉ ခုနှစ်က စတင်ပြီး ၂၀၂၃ ခုနှစ်မှာ ပြီးဆုံးပါတယ်။

Ref : gizmochina