Qualcomm က နောက်ဆုံးထုတ် စွမ်းရည်မြင့် Chipset ဖြစ်တဲ့ Snapdragon 8 Gen 3 ကို အရင်နှစ်တွေကထက် စောစွာ ဒီနှစ်မှာ ကြေညာတော့မှာပါ။ ကုမ္ပဏီရဲ့ ဒီနှစ် Hawaii ပွဲကို အောက်တိုဘာလ ၂၄ ရက်နဲ့ ၂၆ ရက်အတွင်း ကျင်းပမှာပါ။
တရုတ်က ထွက်လာတဲ့ သတင်းအရ Xiaomi ဟာ အဲဒီ Chipset သုံးထားတဲ့ ဖုန်းတွေကို ကြေညာတဲ့ ပထမဆုံး ဖုန်းကုမ္ပဏီ ဖြစ်မယ်လို့ သိရပါတယ်။ အဲဒီဖုန်းတွေဟာ Xiaomi 14 နဲ့ 14 Pro တို့ ဖြစ်ပြီး အောက်တိုဘာလ ၂၇ ရက်နေ့မှာ ကြေညာမှာပါ။ Qualcomm ရဲ့ Snapdragon Summit ပြီးဆုံးပြီး နောက်တစ်နေ့မှာပါ။ Xiaomi 13 နဲ့ Xiaomi 13 Pro တို့ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ကြေညာခဲ့ပြီး Xiaomi 14 Series ကို ဒီထက်စောကာ ကြေညာမှာ ဖြစ်ပါတယ်။
Xiaomi 14 Series မှာ ဒီဇိုင်း အသစ် သုံးထားပြီး မတူညီတဲ့ Focal Length ၃ ခု ပါတဲ့ Leica ကင်မရာတွေ ပါလာမှာပါ။ Android 14 အခြေပြု MIUI 15 မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ Pro မှာ တိုက်တေနီယမ် ဖရိမ်နဲ့ ဂြိုလ်တု ဆက်သွယ်ရေး ပါလာမှာပါ။
မော်ဒယ် ၂ ခုစလုံးကို တရုတ်မှာ ရောင်းချဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကနေ ခွင့်ပြုချက်ရထားပြီးပါပြီ။ မျက်နှာပြင်၊ ကင်မရာ၊ Fast Charging ၊ ဘက်ထရီနဲ့ Vibration Motor အပိုင်းတွေမှာ တိုးတက်လာနိုင်ပါတယ်။ အဲဒီဖုန်း ၂ လုံးကို အမြောက်အများ စတင် ထုတ်လုပ်နေပြီလို့ သိရပါတယ်။
Ref : gsmarena