Redmi Note စမတ်ဖုန်းတွေဟာ ကမ္ဘာအဝန်းမှာ လူကြိုက် အရမ်းများပါတယ်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ ကမ္ဘာအဝန်းမှာ Redmi Note စမတ်ဖုန်း ၃၃၈ သန်းကျော် ရောင်းချထားတာက သက်သေပြနေပါတယ်။ ဒီနှစ်မှာတော့ Note Series စမတ်ဖုန်း ၁ လုံးဟာ စံချိန်တင်အောင် ရောင်းအားကောင်းနေပါတယ်။ အဲဒီဖုန်းက Redmi Note 12 5G ဖြစ်ပါတယ်။

Xiaomi က Redmi Note 12 5G ဟာ ၂၀၂၃ ခုနှစ်မှာ အလုံးရေ ၁ သန်းပြည့်အောင် အမြန်ဆုံး ရောင်းချနိုင်တဲ့ Android စမတ်ဖုန်းလို့ ကြေညာလိုက်ပါတယ်။ Xiaomi က X (Twitter) မှာ ကြေညာလိုက်တာ ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအတွင်း ရောင်းအားကို တွက်ချက်ထားတာ ဖြစ်ပါတယ်။

Redmi Note 12 5G is considered the fastest Android phone to exceed one million shipments in 2023 - Dzair Sport

တန်ဖိုးနည်း Redmi စမတ်ဖုန်းတွေဟာ ကမ္ဘာအဝန်းမှာ ရောင်းအားကောင်းလေ့ ရှိပါတယ်။ Redmi Note 12 5G ဟာ ဒေါ်လာ ၂၅၀ အောက် စမတ်ဖုန်းတွေထဲမှာ အဖက်ဖက်က ပြည့်စုံကောင်းမွန်ပါတယ်။ 120Hz AMOLED မျက်နှာပြင်၊ Chipset အသစ်နဲ့ 5G ဆက်သွယ်မှု ပါပါတယ်။ ဘက်ထရီ သက်တမ်းက အလွန် ကောင်းပေမယ့် ကင်မရာ စွမ်းရည်ကတော့ သိပ်မကောင်းပါဘူး။ အထူးသဖြင့် Low Light တွေမှာပါ။

Specs တွေကို ပြန်ပြောရရင် Redmi Note 12 5G မှာ 6.67” AMOLED FHD+ မျက်နှာပြင် ပါလာပြီး Snapdragon 4 Gen 1 Chip မောင်းနှင်ထားပါတယ်။ 5,000mAh Battery ပါလာပြီး အနောက်ကင်မရာတွေက 48MP Main , 8MP Ultrawide Angle နဲ့ 2MP တို့ ဖြစ်ပါတယ်။

Ref : gizmochina