vivo က အိန္ဒိယမှာ vivo Y200 ကို ကြေညာလိုက်ပြီး ဖေဖော်ဝါရီလက မိတ်ဆက်ခဲ့တဲ့ vivo Y100 ရဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။ Y200 မှာ 6.67” AMOLED FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Punch Hole မှာ 16MP အရှေ့ ကင်မရာ ပါလာပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ မြှုပ်နှံထားပါတယ်။

Vivo Y200 5G India Launch

အနောက်ဘက်မှာ 64MP Main (OIS) နဲ့ 2MP Depth ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ ကင်မရာဘေးမှာ LED Flash နဲ့ ပတ်ဝန်းကျင်က အလင်းရောင် အပေါ် မူတည်ကာ Color Temperature 38-level ကို ချိန်ညှိပေးတဲ့ Smart Aura Light ထည့်သွင်းထားပါတယ်။

vivo Y200 key specsvivo Y200 key specs

Qualcomm Snapdragon 4 Gen 1 မောင်းနှင်ထားပြီး 8GB RAM နဲ့ 128/256GB Storage ပါလာပါတယ်။ 4,800mAh Battery နဲ့ 44W Charging Speed ထောက်ပံ့ထားပြီး Android 13 အခြေပြု Funtouch OS 13 မောင်းနှင်ထားပါတယ်။ IP54 စံနှုန်း ပါတဲ့အတွက် ရေစက်ရေပေါက်တွေနဲ့ ဖုန်မဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။

vivo Y200 အတွက် Desert Gold နဲ့ Jungle Green အရောင်တွေ ထုတ်လုပ်ထားပြီး 8/128GB ကို ၂၆၄ ဒေါ်လာနဲ့ 8/256GB ကို ၂၈၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ အိန္ဒိယမှာ vivo Online Store နဲ့ Amazon India ကနေ ရောင်းချပေးလိုက်ပါပြီ။

Ref : gsmarena