မန်ချက်စတာ တက္ကသိုလ်မှ အင်ဂျင်နီယာတွေက ကမ္ဘာ့အကြီးဆုံး ပန်ကာ ၄ လုံးတပ် ဒရုန်းကို အောင်မြင်စွာ တီထွင်လိုက်ပါတယ်။

Manchester researchers have built and flown the world’s largest quadcopter drone.

ကာဘွန်ဖိုက်ဘာထက် သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်ပြီး ပေါ့ပါးကာ ကုန်ကျစားရိတ် သက်သာတဲ့ ဒြပ်ထုနဲ့ တည်ဆောက်ထားပါတယ်။ ကာဘွန်ဖိုက်ဘာလို မဟုတ်ဘဲ သိပ်သည်းဆ နည်းပါးတဲ့ အလွှာပြား ဒြပ်ထုဟာ ပြန်လည် အသုံးပြုနိုင်တဲ့ ဂုဏ်သတ္တိ ရှိပါတယ်။

အဲဒီ ဒရုန်းကို Giant Foamboard Quadcopter (GFQ) လို့ အမည်ပေးထားပြီး ၅ မီလီမီတာ အထူ ရှိတဲ့ Foamboard နဲ့ တည်ဆောက်ထားပါတယ်။ Foamboard အချပ်တွေရဲ့ အရွယ်အစားကို လေဆာနဲ့ ပိုင်းဖြတ်ထားပြီး စက်မသုံးဘဲ လက်နဲ့ 3D ပုံသဏ္ဍာန် ဖန်တီးထားပါတယ်။

မန်ချက်စတာ တက္ကသိုလ်မှ ဒရုန်းကို ဖန်တီးတဲ့ အဖွဲ့ ခေါင်းဆောင် Dan Koning က “ Foamboard ဟာ စိတ်ဝင်စားစရာကောင်းတဲ့ ဒြပ်ထု ဖြစ်ပါတယ်။ မှန်ကန်စွာ သုံးရင် ရှုပ်ထွေးတဲ့ အရာတွေကို တည်ဆောက်နိုင်ပါတယ်။ အစိတ်အပိုင်းတိုင်းဟာ အလွန် မာကျောပါတယ်။ သုတေသနများစွာ ပြုလုပ်ပြီးနောက်မှာ ကျွန်တော်တို့ဟာ ကမ္ဘာမှာ အကြီးမားဆုံး ပန်ကာ ၄ လုံးတပ် ဒရုန်းကို တည်ဆောက်နိုင်ခဲ့ပြီဆိုတာ ယုံကြည်မှု ရှိလာပါပြီ။ “ လို့ ပြောပါတယ်။

ဒရုန်းမှာ လက်တံ ၄ ခု ပါပြီး လွယ်ကူစွာ သယ်ဆောင်နိုင်ပါတယ်။ ဒရုန်းဟာ ထောင့်ဖြတ် ၂၁ ပေ အရှည် ရှိပြီး ၂၄.၅ ကီလိုဂရမ် အလေးချိန် ရှိပါတယ်။ လျှပ်စစ် မော်တာ ၄ ခု တပ်ဆင်ထားပြီး 50 Volt Battery ပါပါတယ်။ ထိန်းချုပ်မှု စနစ် ထည့်သွင်းထားပြီး အလိုအလျှောက် ပျံသန်းနိုင်ပါတယ်။

အဲဒီ ဒရုန်းဟာ အနာဂတ်မှာ ကြီးမားတဲ့ ကုန်ပစ္စည်းတွေကို သယ်ဆောင်ရာမှာ အသုံးဝင်လာနိုင်ပါတယ်။ လက်ရှိမှာ တီထွင်သူတွေက ဒရုန်းကို ဒီထက် ပိုကောင်းအောင် ကြိုးစားနေကြပါတယ်။

Ref : inceptivemind