နာမည်ကြီး Tipster Digital Chat Station က Xiaomi 14 Ultra ရဲ့ စိတ်ဝင်စားစရာ သတင်းအချက်အလက်တွေကို မျှဝေလိုက်ပါတယ်။ သူက အဲဒီ စမတ်ဖုန်းကို ၂၀၂၄ ခုနှစ် ပထမ ကွာတားမှာ ရောင်းချမယ်လို့ ပြောပါတယ်။ တခြား လေ့လာဆန်းစစ်သူတွေကလည်း အဲဒီအချိန်လို့ ပြောထားပါတယ်။

Xiaomi 13 Ultra

ပေါက်ကြားသတင်းတွေအရ Xiaomi 14 Ultra မှာ 6.67” AMOLED 1440x3200p မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 144Hz Refresh Rate နဲ့ HDR10+ Support ထည့်သွင်းထားမှာပါ။ Qualcomm Snapdragon 8 Gen 3 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 12GB RAM နဲ့ 256GB, 512GB, 1TB Storage ပါလာမှာပါ။

Xiaomi 13 Ultra

အနောက်ဘက်မှာ 200MP Main , 50MP Ultrawide, 50MP Telephoto , 50MP Periscope Telephoto ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ 32MP ကင်မရာ ၁ လုံး တပ်ဆင်ထားမှာပါ။ 120W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာမှာ ဖြစ်ပြီး Android 14 အခြေပြု HyperOS မောင်းနှင်ထားမှာ ဖြစ်ပါတယ်။

Xiaomi 14 Ultra မှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှုပ်နှံထားမှာ ဖြစ်ပြီး စတီရီယို စပီကာတွေ ပါလာမှာပါ။ NFC နဲ့ IR Blaster ထည့်သွင်းထားမှာ ဖြစ်ပြီး 5G ဆက်သွယ်မှုကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Xiaomi က 14 နဲ့ 14 Pro ကို ရောင်းချပေးထားပြီး ရောင်းအား ကောင်းနေပါတယ်။ Xiaomi 14 Ultra ဟာ Xiaomi 14 Series မှာ စွမ်းရည် အမြင့်ဆုံး ဖြစ်ပြီး ရောင်းအားကောင်းဦးမယ်လို့ ယူဆရပါတယ်။

Ref : gizchina