iQOO 12 နဲ့ iQOO 12 Pro ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ AMOLED မျက်နှာပြင်၊ 144Hz Refresh Rate ၊ 3,000 Nits Peak Brightness ၊ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာနဲ့ HDR10 Support ထည့်သွင်းထားပါတယ်။ iQOO 12 မှာ 6.74” 1.5K မျက်နှာပြင်ပြားနဲ့ Pro မှာ 6.7” 2K မျက်နှာပြင်ကွေး တပ်ဆင်ထားပါတယ်။

The iQOO 12 series brings Snapdragon 8 Gen 3, capable triple camera system - GSMArena.com news

iQOO 12 ၂ လုံးစလုံးမှာ အနောက်ကင်မရာ ၃ လုံး တပ်ထားပါတယ်။ 50MP Main , 50MP Ultrawide နဲ့ 64MP Telephoto ကင်မရာတွေ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

The iQOO 12 series brings Snapdragon 8 Gen 3, capable triple camera system - GSMArena.com news

ဖုန်း ၂ လုံးစလုံးမှာ Snapdragon 8 Gen 3 Chipset မောင်းနှင်ထားပြီး 16GB LPDDR5x RAM နဲ့ 1TB UFS 4.0 Storage အထိ ထည့်သွင်းထားပါတယ်။ အရွယ်ကြီး VC Vapor Chamber ထည့်သွင်းထားပြီး အပူချိန် စုပ်ယူဖို့အတွက် ဇုန် ၄ ခု အအေးပေး စနစ် ပါပါတယ်။ iQOO 12 မှာ 120W Wired Charging ပါတဲ့ 5,000mAh Battery နဲ့ Pro မှာ 120W Wired , 50W Wireless Charging ပါတဲ့ 5,100mAh Battery ပါပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ Android 14 အခြေပြု OriginOS မောင်းနှင်ထားပါတယ်။

iQOO 12 ရဲ့ 12GB/256GB ကို ၅၅၀ ဒေါ်လာနဲ့ 16GB/512GB နဲ့ 16GB/1TB ကို ၅၉၀ ဒေါ်လာနဲ့ ၆၄၅ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ Pro မှာ 16GB RAM ထည့်ထားပြီး 256GB, 512GB နဲ့ 1TB ကို ၆၈၅ ဒေါ်လာ၊ ၇၅၅ ဒေါ်လာနဲ့ ၈၂၅ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။

ref : gizmochina