Apple ဟာ ကုန်ပစ္စည်းတွေရဲ့ အစိတ်အပိုင်းတွေကို တခြား ကုမ္ပဏီတွေထံက ဝယ်ယူလေ့ရှိပေမယ့် ကိုယ်တိုင်လည်း ထုတ်လုပ်ဖို့ ကြိုးစားလေ့ရှိပါတယ်။ ETnews က Apple ဟာ iPhone ရဲ့ ဘက်ထရီအတွက် တီထွင်မှုတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။

Apple is working on a new battery tech to boost endurance and charging speed

Apple ဟာ Cathodes အတွက် Nickel, Cobalt, Manganese နဲ့ Aluminum စတဲ့ ဒြပ်ထု အသစ်တွေကို စမ်းသပ်နေပါတယ်။ အဲဒီ နည်းလမ်းဟာ Silicon Content ကို ရေရှည်တည်တန့်စေပါတယ်။ Silicon ဟာ အားသွင်းချိန်မှာ ပူလာတတ်ပါတယ်။ ဒါပေမယ့် Apple က ဒီပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်း ၁ ခုကို တွေ့ရှိထားပါတယ်။

Apple's Clean Energy Charging makes major changes to iPhones

Cathode Mix အသစ်က ဘက်ထရီ သိပ်သည်းဆကို တိုးတက်စေပြီး အားသွင်းနှုန်း ပိုမြန်စေပါတယ်။ Apple ဟာ ဘက်ထရီ စွမ်းဆောင်ရည်ကို တိုးတက်စေတဲ့ လျှပ်ကူးပစ္စည်း အဖြစ် Carbon Nanotubes (CNTs) ကို အသုံးပြုနိုင်ပါတယ်။

အဲဒီ ဘက်ထရီ နည်းပညာ အသစ်ကို ၂၀၂၅ ခုနှစ်ထုတ် iPhone တွေမှာ အရင်ဆုံး ထည့်သွင်းပေးမယ်လို့ သတင်းထွက်လာပါတယ်။ Apple ဟာ အဲဒီ ဘက်ထရီ နည်းပညာ အသစ်ကို တီထွင်နေဆဲ ဖြစ်ပြီး iPhone တွေမှာ ထည့်သွင်းပေးဖို့ အချိန်ကြာဦးမှာ ဖြစ်ပါတယ်။

Ref : gsmarena