Xiaomi က လွန်ခဲ့တဲ့ ၂ လအကြာက Redmi Note 13 Series ကို စတင် မိတ်ဆက်ခဲ့ပြီး Note 13 မှာ Dimensity 6080 Chipset ၊ 5,000mAh Battery နဲ့ 108MP Main ကင်မရာ ပါလာခဲ့ပါတယ်။

အခုတော့ Xiaomi က Redmi Note 13R Pro ကို ကြေညာလိုက်ပြီး အဝါရောင် မော်ဒယ်ပါလာပါတယ်။ ကင်မရာ Island က ပိုကြီးလာပြီး ထောင့်စွန်းတွေအထိ နေရာယူထားပါတယ်။

Note 13R Pro အတွက် 12GB RAM / 256GB Storage ၁ မျိုးထဲ ထုတ်လုပ်ထားပါတယ်။ Xiaomi ဖုန်းတွေမှာ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက သုံးခဲ့တဲ့  6.67” OLED မျက်နှာပြင် တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ Samsung က ထုတ်လုပ်ထားတဲ့ 108MP ကင်မရာ ပါလာပြီး Punch Hole မှာ 16MP ကင်မရာ တပ်ဆင်ထားပါတယ်။

Xiaomi က 33W Charging ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပါတယ်။ ကင်မရာ Island အတွက် ပလတ်စတစ်ကို အသုံးပြုထားတဲ့အတွက် ဖုန်းဟာ အနည်းငယ် ပိုထူပါတယ်။

Redmi Note 13R Pro ကို တရုတ်မှာ ၁,၉၉၉ ယွမ် (၂၈၀ ဒေါ်လာ) နဲ့ ရောင်းချပေးနေပါတယ်။ ဒါကြောင့် ၁,၅၉၉ ယွမ် (၂၂၂ ဒေါ်လာ)နဲ့ ရောင်းချထားတဲ့ Note 13 12/256GB က ပိုဈေးသက်သာနေပါတယ်။

Ref : gsmarena