ဟားဗတ် တက္ကသိုလ်မှ သုတေသနပညာရှင်တွေက Solid-state Battery နည်းပညာအသစ်ကို တီထွင်လိုက်ပါတယ်။ သူတို့ရဲ့ တီထွင်မှုကို Nature Materials မှာ ဖော်ပြထားပြီး အဲဒီ Solid-state Battery ကို ၁၀ မိနစ်အတွင်း အားအပြည့်သွင်းနိုင်ပါတယ်။
လစ်သီယမ် သတ္တု Battery ကို တီထွင်သူတွေက ဟားဗတ်ရဲ့ John A. Paulson School of Engineering and Applied Sciences (SEAS) မှ ဖြစ်ပါတယ်။ အဲဒီ Battery ရဲ့ Charging Cycle က အကြိမ် ၆,၀၀၀ ဖြစ်ပြီး လက်ရှိ တခြား Battery တွေထက် ပိုများပါတယ်။
ပညာရှင်တွေက လစ်သီယမ် သတ္တု Battery ဟာ Graphite Anodes ထက် စွမ်းအင်ကို ၁၀ ဆ ပိုမို သိုလှောင်နိုင်ပြီး လျှပ်စစ်ကားတွေ မောင်းနှင်နိုင်တဲ့ အကွာအဝေးကို မြင့်မားစေတယ်လို့ ပြောပါတယ်။ လျှပ်စစ်ကား နယ်ပယ်အတွက် အခု Battery ဟာ အလွန် အသုံးဝင်လာမှာ ဖြစ်ပါတယ်။
အဲဒီ Battery ဟာ အကြိမ်ပေါင်း ၆,၀၀၀ အားသွင်းပြီးနောက်မှာ ၈၀ ရာခိုင်နှုန်း ကျန်ရှိပြီး ဈေးကွက်ထဲက တခြား Battery တွေထက် စွမ်းရည်ပိုမိုမြင့်မားပါတယ်။ အဲဒီ နည်းပညာကို စမတ်ဖုန်း Battery တွေမှာလည်း အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ Battery ကို အများအပြား ထုတ်လုပ်ဖို့ စိန်ခေါ်မှုတွေ ရှိနေသေးပြီး ပညာရှင်တွေက ဆက်လက် တီထွင်ရဦးမှာ ဖြစ်ပါတယ်။
Ref : gizmochina