ဈေးကွက် သုတေသန အဖွဲ့အစည်း Daily Interactive က ၂၀၂၃ ခုနှစ်အတွက် တရုတ်ရဲ့ 5G စမတ်ဖုန်း ဈေးကွက်ကို မျှဝေလိုက်ပါတယ်။ ဖုန်း အားလုံးထဲမှာ 5G စမတ်ဖုန်းဈေးကွက်ဝေစုဟာ ၅၂.၈၅ ရာခိုင်နှုန်း ရထားပြီး Apple က ၃၄.၆၆ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးကဦးဆောင်နေပါတယ်။
Vivo က နံပါတ် ၂ နေရာကို ၁၄.၄ ရာခိုင်နှုန်းနဲ့ ရထားပြီး OPPO , Huawei နဲ့ Honor တို့က ထိပ်ဆုံး ၅ နေရာထဲပါနေပါတယ်။ ဈေးကွက်ဝေစု ၁၃.၃၅ ရာခိုင်နှုန်း၊ ၁၂.၁၂ ရာခိုင်နှုန်းနဲ့ ၁၀.၃၇ ရာခိုင်နှုန်း အသီးသီးရထားပါတယ်။
ရောင်းအား အကောင်းဆုံး ဖုန်း မော်ဒယ်တွေ အကြောင်းပြောရရင် iPhone ဟာ ထိပ်ဆုံး ၉ နေရာကို သိမ်းပိုက်ထားပါတယ်။ iPhone 13 ဟာ လူကြိုက်အများဆုံး ဖြစ်ပြီး သူ့နောက်မှာ iPhone 12 ရှိပါတယ်။ ထိပ်ဆုံး ၁၀ နေရာမှာ Apple မဟုတ်တဲ့ ဖုန်းက Huawei P40 Pro ဖြစ်ပါတယ်။
အဲဒီစာရင်းက စမတ်ဖုန်း အများစုဟာ ဖုန်း အဟောင်းတွေ ဖြစ်ပြီး OPPO Reno 6 , Redmi K40 , Huawei Nova 7 တို့ ပါဝင်ပါတယ်။
China 5G Mobile Phone Market 2023 Top Brands
- Apple – 34.66%
- Vivo – 14.4%
- Oppo – 13.35%
- Huawei – 12.12%
- Honor – 10.37%
- Xiaomi – 8.62%
- Realme – 2.15%
- Samsung – 0.89%
- Hi Nova – 0.85%
- Others – 2.85%
China 5G Mobile Phone Market 2023 Top Devices
- iPhone 13
- iPhone 12
- iPhone 13 Pro Max
- iPhone 14 Pro Max
- iPhone 14 Pro
- iPhone 13 Pro
- iPhone 12 Pro Max
- iPhone 14
- iPhone 12 Pro
- Huawei P40 Pro
- Huawei P40
- Huawei Nova 7
- Oppo A58
- Vivo Y52s
- Honor 50
- Redmi K40
- Honor X30
- Oppo Reno 6
- iPhone 15 Pro Max
- Honor 70
Ref : gizmochina