ဒူဘိုင်း အားကစား ကောင်စီက Dubai Jet Suit Race ကျင်းပမယ်လို့ ကြေညာလိုက်ပါတယ်။ Jet Suit ကို ခန္တာကိုယ်မှာ ဝတ်ဆင်ပြီး ကောင်းကင်မှာ ပျံသန်းရမယ့်ပြိုင်ပွဲ ဖြစ်ပါတယ်။ စာရေးသူကတော့ ဒါကို မိုးပျံလူသားပြိုင်ပွဲလို့ ဘာသာပြန်လိုက်ပါတယ်။

ဒါဟာ ကမ္ဘာ့ပထမဆုံး မိုးပျံလူသား ပြိုင်ပွဲ ဖြစ်ပြီး အမြန်နှုန်းနဲ့ အရည်အချင်းကို ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှ ပြိုင်ပွဲဝင်သူ ၈ ယောက် ပါဝင်မှာ ဖြစ်ပြီး အဲဒီအထဲမှာ UAE ရဲ့ Ahmed Al Shehhi ပါဝင်ယှဉ်ပြိုင်မှာပါ။ အဲဒီပြိုင်ပွဲကို Jet Suit နည်းပညာကို ရှေ့တန်းကနေ တီထွင်နေတဲ့ Gravity Industries ကုမ္ပဏီနဲ့ပူးပေါင်း  ကျင်းပတာ ဖြစ်ပါတယ်။

Dubai to host world's first jet suit race which will take to the skies

ဒီပြိုင်ပွဲဟာ ကောင်းကင်ယံ အားကစား နယ်ပယ်အတွက် စာမျက်နှာ အသစ်တစ်ခု ဖြစ်လာမှာပါ။ ဒါ့အပြင် ဒူဘိုင်းရဲ့ တီထွင်ဆန်းသစ်မှုနဲ့ စွန့်စားမှုကို ပြသတဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲ ကျင်းပမယ့် ကြေညာချက်ကို Burj Khalifa ဘေးဘက်မှ Burj Park မှာ ပြောကြားခဲ့တာ ဖြစ်ပြီး Jet Suit ဝတ်ဆင်ထားတဲ့ လူ ၃ ယောက်က Dubai Fountain ကနေ ခုန်ချကာ ပျံသန်း သရုပ်ပြသခဲ့ကြပါတယ်။

Dubai Jet Suit Race ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ လာရောက်ကြည့်ရှုသူတွေဟာ အရင်က တစ်ခါမှ မမြင်ဖူးတဲ့ ကောင်းကင်ယံ ပြိုင်ပွဲကို မျက်ဝါးထင်ထင် တွေ့မြင်ခံစားရမှာ ဖြစ်ပါတယ်။ Dubai Harbor နဲ့ Skydive  Dubai အကြားမှာ ပြိုင်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။

Ref : interestingengineering