Premium Feature တွေကို စွမ်းရည်သင့်နဲ့ စွမ်းရည်နိမ့် ဖုန်းတွေမှာ ထည့်သွင်းပေးလာကြပြီး အခုလည်း vivo Y18 ဟာ အဲဒီဖုန်းတွေထဲမှာ ပါလာပါတယ်။ vivo Y18 ကို အိန္ဒိယ ဝက်ဘ်ဆိုက်မှာ ကြေညာထားပြီး အနောက်ဘက်မှာ Premium နဲ့တူတဲ့ ဒီဇိုင်း ထည့်သွင်းထားပါတယ်။
Y18 မှာ စတီရီယို စပီကာနဲ့ IP54 စံနှုန်း ထည့်သွင်းထားပြီး အနောက်ဘက်မှာ 50MP Main ကင်မရာ တပ်ဆင်ထားပါတယ်။ ပါဝါခလုတ်အောက်မှာ ဘေးဘက်လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။
Y18 မှာ 6.56” 90Hz 720x1612p Display တပ်ဆင်ထားပြီး MediaTek Helio G85 SoC မောင်းနှင်ထားပါတယ်။ 4GB RAM , 64/128GB Storage ထုတ်လုပ်ထားပြီး ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။
15W Wired Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပြီး Android 14 အခြေပြု vivo Funtouch OS 14 မောင်းနှင်ထားပါတယ်။ အရွယ်အစား အပြည့်အစုံက 163.63 x 75.58 x 8.39 mm နဲ့ အလေးချိန်က ၁၈၅ ဂရမ် ဖြစ်ပါတယ်။
Ref : gsmarena