vivo က တရုတ်မှာ S19 Series ကို ကြေညာလိုက်ပြီး S19 နဲ့ S19 Pro တို့ ဖြစ်ပါတယ်။ အဲဒီဖုန်း ၂ လုံးမှ ကွာခြားချက် အနည်းငယ်ပဲ ပါပါတယ်။

The S19 has a flat 6.78” 120Hz OLED display

S19 နဲ့ S19 Pro မှာ 6.78” OLED 1.5K Display ပါလာပြီး 120Hz Refresh Rate နဲ့ 4,500 Nits Brightness ထောက်ပံ့ထားပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။ S19 မှာ မျက်နှာပြင် အပြားနဲ့ Pro မှာ မျက်နှာပြင် အကွေးကို သုံးထားပါတယ်။

vivo S19: 50+8MP rear cameras, 50MP front camera

S19 ရဲ့ အနောက်ဘက်မှာ 50MP OIS နဲ့ 8MP Ultrawide Angle ကင်မရာ ၂ လုံးပါပါတယ်။ S19 Pro မှာ 50MP , 8MP Ultrawide Angle နဲ့ 50MP OIS Telephoto ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 50MP အရှေ့ ကင်မရာ ပါပါတယ်။

The vivo S19 Pro has a curved display instead

S19 မှာ Snapdragon 7 Gen 3 နဲ့ S19 Pro မှာ Dimensity 9200+ Chip မောင်းနှင်ထားပြီး ဖုန်း ၂ လုံးစလုံးမှာ 12GB RAM နဲ့ 512GB Storage အထိ ထည့်သွင်းထားပါတယ်။ S19 မှာ 6,000mAh Battery နဲ့ Pro မှာ 5,500mAh Battery ထည့်သွင်းထားပြီး 80W Charging ထောက်ပံ့ထားပါတယ်။ Android 14 အခြေပြု OriginOS 4 မောင်းနှင်ထားပါတယ်။

The Pro has a 50MP 2x portrait camera too

S19 ရဲ့ တန်ဖိုးအနည်းဆုံး 8GB/256GB ကို ၃၄၄ ဒေါ်လာ သတ်မှတ်ထားပါတယ်။ S19 Pro ရဲ့ 8GB/256GB ဟာ ၄၅၅ ဒေါ်လာကစပါတယ်။

Ref : gizmochina